"ဒီနေ့မင့်ကိုကြည့်ရတာအိမ်ပြန်ဖို့လောနေသလိုဘဲ၊ဘာအရေးကြီးကိစ္စများရှိလို့လည်း""ဟုတ်တယ်ခွန်းသာရေ၊ရန်နိုင်ဦးနဲ့ချိန်းထားတာရှိလို့၊မနေ့ကညကြီးဖုန်းဆက်ပြီးချိန်းလာတာ"
ရဝေလွင်ကစာအုပ်တွေသိမ်းရင်းခွန်းသာရဲ့အမေးကိုဖြေလိုက်သည်
"အေးအေး၊အဲ့ဒါဆိုငါ့ကိုမစောင့်ဘဲသွားနှင့်လို့ရတယ်နော်"
"အဲ့ဒါဆိုငါသွားနှင့်ပြီးနော်နောက်မှတွေ့မယ်"
"အေး"
ရဝေတစ်ယောက်ခွန်းသာကိုနှုတ်ဆက်ပြီးတာနဲ့ကျောင်းရှေ့သို့ထွက်လာခဲ့လိုက်သည်၊ကျောင်းရှေ့အုတ်ခုံမှာထိုင်နေတဲ့လင်းလင်းကျော်ကိုတွေ့တာနဲ့သူ့ဆီသို့ဆိုင်ကယ်ကိုဦးတည်လိုက်သည်
အနားရောက်တာနဲ့လင်းလင်းကျော်မျက်နှာကဒဏ်ရာတွေကိုအရင်ဆုံးသတိထားမိလိုက်သည်၊ဒဏ်ရာတွေကသွေးနည်းနည်းဆို့နေသေးတာကြောင့်မနေ့ကမှရန်ဖြစ်ထားပုံရသည်၊တစ်ဆက်ထဲမှာလည်းရန်နိုင်ဦးကိုစိတ်ပူမိသွားသည်၊အခါတိုင်းဆိုသူကိုယ်တိုင်ကျောင်းထိလာမကြိုရင်တောင်လမ်းတစ်နေရာမှာစောင့်နေကြ၊ခုတော့သူ့သူငယ်ချင်းကိုလာကြိုခိုင်းရလောက်အောင်ဒဏ်ရာတွေကပြင်းနေလို့လားမသိ၊ရဝေမှာညကြီးသူဖုန်းဆက်လာကတည်းကစိတ်မချဖြစ်နေရတာ၊
"မင့်မျက်နှာကဒဏ်ရာတွေကရန်ဖြစ်ထားကြတာလား၊ရန်နိုင်ဦးရောဘာဖြစ်သွားသေးလည်း၊သူ့ကိုယ်တိုင်တောင်လာမကြိုနိုင်တာအရန်းကြီးထိခိုက်သွားလို့လား"
"စိတ်မပူပါနဲ့၊ပွန်းပဲ့ရုံလောက်လေးပါ၊အခါတိုင်းလိုဘဲမင့်ဆေးထည့်ပေးရင်သက်သာနိုင်လောက်ပါတယ်"
ထိုအခါမှဘဲရဝေမှာစိတ်ချနိုင်တော့တယ်
"အဲ့ဒါဆိုသွားရအောင်လေ၊မင့်ဆိုင်ကယ်ပါသေးလား"
"မပါဘူး၊ဖြိုးညီလိုက်ပို့သွားတာ၊ငါမောင်းလိုက်မယ်မင့်ကသွားမယ့်နေရာမှမသိတာ"
လင်းလင်းကျော်ကသူရှေ့ကမောင်းမယ်ဆိုတာကြောင့်ရဝေဆိုင်ကယ်ပေါ်ကဆင်းပြီးနောက်ကထိုင်လိုက်သည်
YOU ARE READING
သို့/ချစ်ရပါသောကောင်ဆိုးလေး
Fantasyဆိုးပေလွန်းလို့တစ်ရပ်ကွက်လုံးကချဉ်ဖတ်လို့သတ်မှတ်ထားတဲ့ကောင်လေးနဲ့မိဘရဲ့အုပ်ထိန်းမှုအောက်ကနေမလွှတ်မြှောက်နိုင်တဲ့ကောင်လေး၊သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းသံယောဇဉ်ကနေဖြစ်ပေါ်လာမယ့်အချစ်ဇာတ်လမ်းလေးကိုလိုက်ပါဖတ်ရှုခံစားပေးကြပါဦး 1.8.2024