ည၈နာရီခွဲအချိန်အပြင်၌မိုးများသည်းကြီးမည်းကြီးရွာသွန်းနေသည်၊ရဝေလွင်တစ်ယောက်အခန်းပြတင်းပေါက်၌ထိုင်ကာအပြင်ကမိုးရေစက်များအားကြည့်နေသည်၊တိုက်ခတ်လာတဲ့လေညင်းနဲ့အတူမိုးအငွေ့အသက်များကရောယှက်ခါပါလာသည်၊တစ်ချိန်ကရန်နိုင်ဦးနဲ့အတူမိုးရွာထဲ၌ဆော့ကစားခဲ့တဲ့အချိန်ကိုတောင်သတိရမိသေးသည်
ထိုအချိန်က
""ဟာ မိုးကလည်းကွာကျောင်းဆင်းခါနီးမှရွာချလာပြန်ပြီထီးမယူခဲ့ပါဘူးဆိုနေမှဘဲ"
ရဝေလွင်တစ်ယောက်ကျောင်းဆင်းခါနီးမှမိုးရွာချလာတာကြောင့်တစ်ကိုယ်ရေထဲငြီးသွားလိုက်မိသည်၊ဒါကိုဘေးနားထိုင်နေတဲ့ရန်နိုင်ဦးကကြားသွားပြီး
"ပျော်စရာကောင်းပါတယ်ကွာ၊မိုးရွာထဲမှာဆော့ပြီးအိမ်ကိုပြန်ရတဲ့အရသာကဘယ်လောက်တောင်ကောင်းလိုက်သလဲ၊ဒါတွေကိုမင့်လို့သူဌေးသားငပျော့လေးကမခံစားဖူးတော့ဘယ်သိမလဲ"
"မိုးရွာထဲအိမ်မပြန်ဖူးတာနဲ့ငပျော့ဖြစ်ရောလား၊အေးရတယ်ဒီနေ့ငါမင့်နဲ့အတူမိုးရွာထဲအိမ်ပြန်မယ်"
ရဝေလည်းရန်နိုင်ဦးအားစိန်ခေါ်တဲ့အကြည့်နဲ့ကြည့်ကာပြောလိုက်သည်
"ရတယ်လေအတူတူပြန်ကြတာပေါ့"
နှစ်ယောက်သားမိုးရွာထဲအိမ်ပြန်ဖို့အရေးကိုကြိုးဝိုင်းထဲမှာထိုးသတ်ကြတော့မယ့်ရန်သူနှစ်ယောက်လိုကြည့်ကာအချင်းချင်းစိန်ခေါ်နေကြသည်
ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့စာအုပ်များအားစာရေးစခုံအောက်၌ပါသည့်တန်း၌ထားခဲ့ကာလွယ်အိတ်ထဲ၌ကွန်ပါဘူးနဲ့ခဲတံတွေသာထည့်၍နှစ်ယောက်အတူမိုးရွာထဲထွက်ခဲ့ကြတော့သည်
ထိုသို့ထီးမပါဘဲမိုးရွာထဲပြေးလွှားနေသည်မှာသူတို့နှစ်ယောက်ထဲမဟုတ်ဘဲသူတို့နည်းတူပြေးလွှားနေကြသည့်ကျောင်းသားများလည်းရှိသည်
"လာ"ရန်နိုင်ဦးကလာဆိုပြီးလက်ကမ်းပေးလာတာကြောင့်ရဝေကလည်းထိုလက်အားဆုတ်ကိုင်လိုက်သည်
ခုဏကစစ်ဖြစ်တော့မလို့ကြည့်နေကြတဲ့အကြည့်များကလည်းမိုးရေနဲ့အတူမျှောပါသွားသည့်အလားကြက်ပျောက်ငှက်ပျောက်၊ခုတော့နှစ်ယောက်သားကချစ်ခင်နေကြပြန်ပြီ
YOU ARE READING
သို့/ချစ်ရပါသောကောင်ဆိုးလေး
Fantasyဆိုးပေလွန်းလို့တစ်ရပ်ကွက်လုံးကချဉ်ဖတ်လို့သတ်မှတ်ထားတဲ့ကောင်လေးနဲ့မိဘရဲ့အုပ်ထိန်းမှုအောက်ကနေမလွှတ်မြှောက်နိုင်တဲ့ကောင်လေး၊သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းသံယောဇဉ်ကနေဖြစ်ပေါ်လာမယ့်အချစ်ဇာတ်လမ်းလေးကိုလိုက်ပါဖတ်ရှုခံစားပေးကြပါဦး 1.8.2024