သို့/ချစ်ရပါသောကောင်ဆိုးလေး(၂၉)

268 14 2
                                    

အစည်းဝေးက မနက်ကိုးနာရီခေါ်ထားတာဖြစ်ပေမယ့်ရွာသူ၊ရွာသားတွေက ရဝေတို့ ဆရာ၊ဆရာမတွေကိုစောင့်နေရတယ်ဆိုတာမျိုး မဖြစ်စေရန်အတွက် အစည်းဝေးလုပ်မယ့် စာသင်ကျောင်းသို့ မနက်၈ခွဲအရောက်လာခဲ့ကြသည်။

တဖြည်းဖြည်းနဲ့ ရွာသူရွာသားတွေလည်း ရောက်လာကြပြီး ကျောင်းထဲ လူများလာတော့သည်။နောက်တော့ သူကြီးနဲ့အတူ ရာအိမ်ခေါင်း၊ဆယ်အိမ်ခေါင်း၊နဲ့ ရပ်မိရပ်ဖ များပါ ရောက်လာကြသည်။

ထို့နောက် နောက်ကျနေတဲ့ သူများအား ခဏစောင့်ပေးကြသေးသည်။ထိုအချိန် ရဝေတို့အရွယ် ကာလသားလေးငါးခြောက်‌ယောက်က ကာလသားခေါင်း‌နဲ့အတူ ကျောင်းထဲသို့ ဝင်လာသည်။ထိုထဲတွင် ထင်ထင်ရှားရှား ရောနှောပါလာသူက ရန်နိုင်ဦးပါ၊သူက ဘာကိစ္စပါလာရပြန်ပြီလဲမသိ။

"ကျွန်တော်တို့နည်းနည်း နောက်ကျသွားတယ်၊စောင့်ခိုင်းထားရလို့ အားနာပါတယ်"

"ရပါတယ်ကွာ၊ ရောက်ပြီဆိုတော့ ထိုင်ကြတော့လေ၊ လူစုံရင် အစည်းဝေးလေး စကြတာပေါ့"

ကာလသားခေါင်းရဲ့ အာနားစကားကို ကျောင်းအုပ်ဆရာကြီးက စကားပြန်ပြီးနောက် အစည်းဝေးစတော့မယ့် အကြောင်းပါ တဆက်တည်း ပြောလိုက်သည်။

"အခုလို အချိန်ပေးပြီး အစည်းဝေး တက်ရောက်ပေးတဲ့ တစ်ယောက်ဆီတိုင်းကို ဆရာ၊ဆရာမတွေကိုယ်စား ကျွန်တော်က ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ ဆွေးနွေးချင်တာက ရွာကျောင်းမှာ စာကြည့်တိုက်ဖွင့်ဖို့ရန်အတွက်ဖြစ်ပါတယ်၊ အဲ့ဒါကြောင့် ကျွန်တော်တို့ ဆရာ၊ဆရာမတွေက ဒီက ရွာသူကြီးနဲ့ ရပ်မိ ရပ်ဖတွေ အပါအဝင် ရွာသူရွာသားတွေဆီက အကူညီ လိုအပ်ပါတယ်"

ဆရာကြီးရဲ့ စကားအဆုံး ရွာသူ၊ရွာသားတွေက ခေါင်းတငြိမ့်ငြိမ့်နဲ့ လက်ခံကြောင်းပြခါ ၊အချင်းချင်း ဆွေးနွေးနေကြသည်။ထောက်ခံမှုလည်းမပြ၊စကားတစ်ခွန်းမှလည်း ပြောမနေဘဲ ရဝေကိုသာ မျက်လုံးနှစ်လုံးကျွတ်ထွက်လာ‌တော့မလို့ ကြည့်နေသူကတော့ ရန်နိုင်ဦးပါဘဲ။

ရွာသူရွာသားတွေကြားမှာ ဧည့်သည်တစ်ယောက်အနေနဲ့ ထင်းထွက်နေပြီး လူအားလုံးက သူ့ကိုကွက်ပြီး သတိထားမိနိုင်သည်။ တချို့မိန်းကလေးတွေဆို ရန်နိုင်ဦးအား အိန္ဒြေပျက်လောက်အောင် မဟုတ်ဘဲ တစ်ချက်တစ်ချက် မခို့တယို့ကလေးပြုံးခါ လှမ်းကြည့်နေသူများရှိကြသည်။ရဝေကတော့ ထိုသူမလေးများအား အပြစ်မမြင်ပါ၊ အားလုံးကာသူတို့ သိက္ခါနဲ့သူတို့ ရှိကြသူများသာဖြစ်သည်။ဒီတလော ရွာထဲ၌ ရန်နိုင်ဦးက မိန်းမပျိုလေးများရဲ့ စကားဝိုင်း၌ မပါမဖြစ်ဆိုတာ ရဝေလည်း သတင်းကြားပါသည်။

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now