သို့/ချစ်ရပါသောကောင်ဆိုးလေး(၄)

163 3 0
                                    


တီ.....တီ...တီ

မနက်ခြောက်နာရီပေးထားတဲ့နှိုးစက်သံကိုကြားတာနဲ့ရဝေလွင်တစ်ယောက်မျက်လုံးအစုံကိုအားယူဖွင့်လိုက်သည်၊အကြောတစ်ချက်ဆန့်ကာအိပ်နေရာမှထလိုက်ပြီးအရင်ဆုံးပြတင်းတံခါးကိုဖွင့်လိုက်သည်

မနက်စောစောမို့နေရောင်ကအရမ်းမပူသေးဘဲကမ္ဘာမြေကြီးပေါ်ကိုခပ်နွေးနွေးသာကျရောက်နေသည်

အခါတိုင်းဆိုမနက်၇နာရီမှသာထလေ့ရှိသော်လည်းဒီနေ့တော့ရန်နိုင်ဦးနဲ့ချိန်းထား‌တာမို့စောစောထခြင်းဖြစ်သည်

ရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ်ရင်းရေပါတစ်ခါတည်းချိုးလိုက်သည်၊ထို့နောက်အဝတ်ဘီရိုရှေ့ရပ်ကာအဝတ်စားရွေးရတော့သည်၊အခါတိုင်းများတယ်လို့ထင်ရတဲ့အဝတ်တွေကဒီနေ့မှဝတ်စရာမရှိသလို၊သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့အဝတ်တွေကလည်းရှုပ်ပွနေပြီ၊ဒီနေ့မှထူးထူးဆန်းဆန်းကြည့်ကောင်းနေချင်သည်

နောက်ဆုံးမှာတော့မိုးပြာရောင်ရှပ်အင်္ကျီလက်တိုနဲ့ဒူးလောက်
အနက်ရောင်ဘောင်းဘီကိုသာဝတ်လိုက်သည်၊ရဝေကအသားဖြူတဲ့ထဲပါတာကြောင့်အရောင်မရွေးလိုက်တယ်ပြောလို့ရသည်

အိမ်အောက်ဆင်းခဲ့တော့အမေတောင်ချက်ပြုတ်နေတုန်းရှိသေးသည်၊အိမ်အကူတွေရှိပေမယ့်အချက်အပြုတ်ကိုတော့မေမေကသူ့စိတ်တိုင်းကျတာလုပ်ကိုင်သည်၊အဓိကကတော့ဖေဖေအတွက်ပေါ့လေ

"မေမေဘာဟင်းတွေချက်နေတာလဲ"

"သားကဒီနေ့ကြမှစောစောနိုးလို့ပါလား၊ထူးထူးဆန်းဆန်း"

မေမေကဟင်းချက်နေရင်းမီးဖိုချောင်ထဲဝင်လာတဲ့ရဝေကိုမြင်တာကြောင့်မေးလာသည်

"သားဒီနေ့သူငယ်ချင်းတွေနဲ့အပြင်သွားဖို့ချိန်းထားလို့ပါ"

"ဘယ်ကသူငယ်ချင်းတွေလည်း၊မဟုတ်ကဟုတ်ကလုပ်မယ်တော့မကြံနဲ့နော်"

နောက်နှစ်ဆိုရင်တောင်ရဝေကပညာရေးကောလိပ်ကနေဘွဲ့ရတော့မယ်၊မေမေကတော့ခုထိရဝေရဲ့အပေါင်းသင်းမိတ်ဆွေတွေကိုကန့်သန့်ချင်နေတုန်းပါဘဲ၊ခုလည်းကြည့်တော့မယုံတင်ကာမျက်လုံးတွေနဲ့ကြည့်လို့မေးလာသည်

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now