ရဝေ ရွာရောက်တာ ဒီနေ့နဲ့ဆို တစ်လပြည့်ပြီဖြစ်သည်။တစ်လလုံး ရန်နိုင်ဦးကို သတိမရတဲ့နေ့ဆိုလို့ တစ်ရက်မှမရှိပါ၊ကျောင်းတက်ချိန် ကလေးတွေကို စာသင်နေတဲ့အခါမျိုးမှာတော့ သင်ကြားမှုမှာသာ အာရုံစိုက်နေမိလို့ သတိမထားမိပေမယ့် ကျန်တဲ့အချိန်တိုင်းမှာ သူ့ကိုသတိရမိနေသည်။
သတိမရဘဲနေနိုင်မည်တဲ့လား ၊ရဝေအနားမှာ လူကိုယ်တိုင်မရှိပေမယ့် သူ့ရဲ့ဂရုစိုက်မှုများကရှိနေသည်မဟုတ်လား၊ ထမင်းစားရင်ဘဲ ဖြစ်ဖြစ် ရေချိုးရင်ဘဲ ဖြစ်ဖြစ် သူ့ရဲ့ဂရုစိုက်မှု များကရှိနေသည်။
ရဝေစားရေးသောက်ရေး အစဉ်ပြေစေရန်အတွက်ဆိုပြီး ရွာထဲက အဒေါ်ကြီးတစ်ယောက်ကို လစာနဲ့ ထမင်းဟင်းချက်ပြီး ပို့ခိုင်းထားသည်တဲ့၊ အဲ့တော့ ရဝေကထမင်းဟင်းကို ကိုယ်တိုင်ချက်စား စရာမလိုပါ၊မနက်စာလောက်သာ ရွာထဲရောင်းတဲ့ ဈေးသယ်တွေဆီက ရဝေစားချင်တာလေး ဝယ်စားရုံသာဖြစ်သည်။နေ့လည်စာ နဲ့ညစာ အတွက်ကတော့ သူ့ချက်ပို့ခိုင်းတဲ့ ထမင်းဟင်းများသာ ပူပူလောလောလေးစားရုံပင်။
ရေချိုးရန်အတွက်ဆိုလည်း ရဝေရေမကူးတက်တာသိတော့ ချောင်းထဲမှာသွားချိုးစရာမလိုရန် သူကရွာသားတစ်ယောက်ကို အငှားနဲ့ ရေထမ်းပို့ခိုင်းထားပြန်သည်။ရဝေကျောင်းက ပြန်တိုင်းအိမ်၌ ရေအပြည့်ရှိပြီးထားဖြစ်သည်။
ရဝေတို့နယ်ဝေးက လာတဲ့ကျောင်းဆရာ၊ဆရာမတွေအတွက် ရွာသားတွေက ကျောင်းနဲ့သိပ်မဝေးတဲ့ မြေကွက်မှာ အိမ်ဆောက်ပေးထားကြသည်။ကျောင်းမှာက ဆရာနှစ်ယောက်နဲ့ ဆရာမနှစ်ယောက်ရှိတယ်၊ကျောင်းအုပ်ဆရာကြီးရောအပါဝင်ဆို အားလုံးပေါင်း ဆရာ၊ဆရာမ ငါးယောက်ဖြစ်သည်။
ကျောင်းအုပ်ဆရာကြီးရယ် ဆရာမနှစ်ယောက်ရယ်က ဒီရွာနယ်ခံတွေဖြစ်ကြတာကြောင့် ကိုယ့်အိမ်မှာကိုသာ နေကြသည်။ ကျန်တဲ့ဆရာတစ်ယောက်ကလည်း ဒီရွာသူနဲ့ အိမ်ထောင်ကျပြီး သူတို့အိမ်မှာတာနေတာဆိုတော့ ရွာကပေးတဲ့အိမ်မှာက ရဝေတစ်ယောက်တည်းသာနေသည်။
အိမ်လေးကသိပ်အကျယ်ကြီး မဟုတ်ပေမယ့် ရဝေတစ်ယောက်တည်းအတွက်ဆိုရင်တော့ ကျယ်ကျယ်ဝန်းဝန်းနဲ့ နေရအစဉ်ပြေသည်။ လှေကားလေးထစ်လောက်နဲ့ ပျဉ်ခင်း ၊ဝါးထရံကာ ၊ဓနိမိုးအိမ်ဖြစ်သည်။အိပ်ခန်းတစ်ခန်းပါပြီး အိမ်ရှေ့ဘုရားခန်းနဲ့ နောက်ဖေးလှေကားကနေ ဆင်းရင် မီးဖိုချောင်ကို တန်းရောက်သည်။ဒီကနေအိမ်တော်တော်များများက မီးဖိုချောင်ကို အိမ်နောက်ဖေး၌ အိမ်နဲ့တွဲရက်ဆောက်ထားကြသည်။အိမ်တိုင်းလိုလိုလည်း ထရံကာ ၊ဓနိမိုးများသာဖြစ်သည်။ပိုက်ဆံရှိတဲ့ သုံးလေးအိမ်လောက်သာ ပျဉ်ခင်းပျဉ်ကာ နဲ့ သွပ်မိုး အိမ်များဖြစ်ကြသည်။
YOU ARE READING
သို့/ချစ်ရပါသောကောင်ဆိုးလေး
Fantasyဆိုးပေလွန်းလို့တစ်ရပ်ကွက်လုံးကချဉ်ဖတ်လို့သတ်မှတ်ထားတဲ့ကောင်လေးနဲ့မိဘရဲ့အုပ်ထိန်းမှုအောက်ကနေမလွှတ်မြှောက်နိုင်တဲ့ကောင်လေး၊သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းသံယောဇဉ်ကနေဖြစ်ပေါ်လာမယ့်အချစ်ဇာတ်လမ်းလေးကိုလိုက်ပါဖတ်ရှုခံစားပေးကြပါဦး 1.8.2024