သို့/ချစ်ရပါသောကောင်ဆိုးလေး(၆)

459 18 13
                                    

ည၈နာရီခွဲအချိန်အပြင်၌မိုးများသည်းကြီးမည်းကြီးရွာသွန်းနေသည်၊ရဝေလွင်တစ်ယောက်အခန်းပြတင်းပေါက်၌ထိုင်ကာအပြင်ကမိုးရေစက်များအားကြည့်နေသည်၊‌တိုက်ခတ်လာတဲ့လေညင်းနဲ့အတူမိုးအငွေ့အသက်များကရောယှက်ခါပါလာသည်၊တစ်ချိန်ကရန်နိုင်ဦးနဲ့အတူမိုးရွာထဲ၌ဆော့ကစားခဲ့တဲ့အချိန်ကိုတောင်သတိရမိသေးသည်

ထိုအချိန်က

""ဟာ မိုးကလည်းကွာကျောင်းဆင်းခါနီးမှရွာချလာပြန်ပြီထီးမယူခဲ့ပါဘူးဆိုနေမှဘဲ"

ရဝေလွင်တစ်ယောက်ကျောင်းဆင်းခါနီးမှမိုးရွာချလာတာကြောင့်တစ်ကိုယ်ရေထဲငြီးသွားလိုက်မိသည်၊ဒါကိုဘေးနားထိုင်နေတဲ့ရန်နိုင်ဦးကကြားသွားပြီး

"ပျော်စရာကောင်းပါတယ်ကွာ၊မိုးရွာထဲမှာဆော့ပြီးအိမ်ကိုပြန်ရတဲ့အရသာကဘယ်လောက်တောင်ကောင်းလိုက်သလဲ၊ဒါတွေကိုမင့်လို့သူဌေးသားင‌ပျော့လေးကမခံစားဖူးတော့ဘယ်သိမလဲ"

"မိုးရွာထဲအိမ်မပြန်ဖူးတာနဲ့ငပျော့ဖြစ်ရောလား၊အေးရတယ်ဒီနေ့ငါမင့်နဲ့အတူမိုးရွာထဲအိမ်ပြန်မယ်"

ရဝေလည်းရန်နိုင်ဦးအားစိန်ခေါ်တဲ့အကြည့်နဲ့ကြည့်ကာပြောလိုက်သည်

"ရတယ်လေအတူတူပြန်ကြတာပေါ့"

နှစ်ယောက်သားမိုးရွာထဲအိမ်ပြန်ဖို့အရေးကိုကြိုးဝိုင်းထဲမှာထိုးသတ်ကြတော့မယ့်ရန်သူနှစ်ယောက်လိုကြည့်ကာအချင်းချင်းစိန်ခေါ်နေကြသည်

ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့စာအုပ်များအားစာရေးစခုံအောက်၌ပါသည့်တန်း၌ထားခဲ့ကာလွယ်အိတ်ထဲ၌ကွန်ပါဘူးနဲ့ခဲတံတွေသာထည့်၍နှစ်ယောက်အတူမိုးရွာထဲထွက်ခဲ့ကြတော့သည်

ထိုသို့ထီးမပါဘဲမိုးရွာထဲပြေးလွှားနေသည်မှာသူတို့နှစ်ယောက်ထဲမဟုတ်ဘဲသူတို့နည်းတူပြေးလွှားနေကြသည့်ကျောင်းသားများလည်းရှိသည်

"လာ"ရန်နိုင်ဦးကလာဆိုပြီးလက်ကမ်းပေးလာတာကြောင့်ရဝေကလည်းထိုလက်အားဆုတ်ကိုင်လိုက်သည်

ခုဏကစစ်ဖြစ်တော့မလို့ကြည့်နေကြတဲ့အကြည့်များကလည်းမိုးရေနဲ့အတူမျှောပါသွားသည့်အလားကြက်ပျောက်ငှက်ပျောက်၊ခုတော့နှစ်ယောက်သားကချစ်ခင်နေကြပြန်ပြီ

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now