ည၈နာရီကျော်အိမ်အောက်မှဖုန်းသံကြားတာကြောင့်ရဝေလွင်တစ်ယောက်သူ့အမေထက်အရင်ဦးအောင်ဖုန်းကိုပြေးကိုင်လိုက်သည်
"ဟယ်လို"
{ရဝေလွင်၊ငါမင့်ကိုလွမ်းလို့ဖုန်းဆက်လိုက်တာ}
ဖုန်းထဲကရန်နိုင်ဦးရဲ့စကားကြောင့်ရဝေလွင်မှာရှက်ပြုံးလေးပြုံးမိသွားသည်
"အပိုတွေပြောပြန်ပြီ၊ညနေကမှတွေ့ထားရတာကို"
{မပိုပါဘူး၊တကယ်လွမ်းနေတာ၊ငါလေဒီနေ့ရင်ခုန်လွန်းလို့ထမင်းတောင်မစားနိုင်ဘူး၊သိလား၊အဲ့ဒါမင့်အချစ်တွေကြောင့်ထမင်းမစားရဘဲဗိုက်ပြည့်နေတာ}
"မင့်နော်မဟုတ်တာတွေလျှောက်မပြောနဲ့ငါမနေတက်တော့ဘူး....ဒုတ် အ..သေပါပြီ"
ရဝေလွင်တစ်ယောက်ပြောရင်းရှက်ရှက်နဲ့လက်ရမ်းလိုက်တာဘေးကစားပွဲခုံကိုရိုက်မိတာကြောင့်လက်နာသွားရသည်
{ဘာဖြစ်သွားလဲ၊ဘာသံကြီးလဲ}
"မင့်ကငါကို့ရှက်အောင်ပြောတော့ရှက်ရှက်နဲ့လက်ရမ်းလိုက်တာစားပွဲခုံကိုရိုက်မိသွားလို့"
ရဝေကအသံကိုလည်းခပ်ချွဲချွဲလေးပြောလိုက်သည်
{ဂရုစိုက်မှပေါ့၊ဘာဖြစ်သွားလေးလဲ၊အရမ်းနာသွားသေးလား၊မနာတော့အောင်ကိုယ်အာဘွားပေးလိုက်မယ်နော်၊အာ..ဘွား၊မွမွ}
"မနာတော့ဘူးပျောက်သွားပြီ"
{ငါ့ချစ်သူကိုနာအောင်လုပ်တဲ့ခုံနောက်ရက်မှမီးလာရှို့ဦးမယ်}
"ဟီး၊မင့်ကလည်းအဲ့လောက်ကြီးမလိုပါဘူး"
{ဟုတ်ပါပြီဗျာအဲ့ဒါဆိုနောက်ရက်ကြရင်တွေ့ကြမယ်နော်၊ညအိမ်မက်ထဲမှာလည်းကိုယ့်ကိုထည့်မက်နော်၊ခုတော့ဖုန်းချလိုက်တော့၊ယောက်ခမကြီးသိရင်ဆူခံရလိမ့်မယ်}
"အဲ့ဒါဆိုနောက်ရက်မှတွေ့ကြမယ်နော်၊တာ့တာ၊ချစ်တယ်မွမွ"
{ဒါနဲ့လေ၊ဘာလိုစကားကိုအဲ့လိုတွေပြောနေတာလဲ}
"ဇာတ်ကားတွေထဲမှာဆိုရည်းစားတွေဖြစ်သွားကြရင်အဲ့လိုဘဲချွဲပြီးအပိုတွေလုပ်ပြောကြတယ်လေ၊အဲ့ဒါငါလည်းအဲ့လိုပြောလိုက်တာ၊မင့်ကရောဘာလို့အဲ့လိုတွေပြောတာလဲ"
YOU ARE READING
သို့/ချစ်ရပါသောကောင်ဆိုးလေး
Fantasíaဆိုးပေလွန်းလို့တစ်ရပ်ကွက်လုံးကချဉ်ဖတ်လို့သတ်မှတ်ထားတဲ့ကောင်လေးနဲ့မိဘရဲ့အုပ်ထိန်းမှုအောက်ကနေမလွှတ်မြှောက်နိုင်တဲ့ကောင်လေး၊သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းသံယောဇဉ်ကနေဖြစ်ပေါ်လာမယ့်အချစ်ဇာတ်လမ်းလေးကိုလိုက်ပါဖတ်ရှုခံစားပေးကြပါဦး 1.8.2024