သို့/ချစ်ရပါသောကောင်ဆိုးလေး(၇)

463 21 18
                                    

ရဝေတစ်ယောက်မနက်မိုးလင်းသည်အထိပြတင်းပေါက်နားမှာရန်နိုင်ဦးပြန်လာမယ့်အချိန်ကိုထိုင်စောင့်နေခဲ့သည်၊ရန်နိုင်ဦးကဆေးရုံမှာညမအိပ်တက်တာကြောင့်အိမ်ပြန်လာရင်လာ၊ဒါမှမဟုတ်ရင်ဝပ်လျှော့မှာသွားအိပ်မှာသေချာသည်

ခုမနက်ထိအိမ်ပြန်လာတာမမြင်တာကြောင့်ဝပ်လျှော့သို့လိုက်သွားရန်ထလိုက်သည်၊တစ်ညလုံးဒီတိုင်းထိုင်နေတာမို့ခြေထောက်တွေကျင်နေကာထမရဖြစ်နေသည်

အားယူကာထလိုက်ပြီးရေအမြန်ချိုးကာကျောင်းဝတ်စုံလဲဝတ်လိုက်သည်၊အမေမရိပ်မိအောင်ကျောင်းသွားတဲ့ပုံစံနဲ့အိမ်ကထွက်ရမှာဖြစ်သည်

ဆိုင်ကယ်ဝပ်လျှော့ရှေ့ရောက်တော့မနက်စောစောမို့ဆိုင်တောင်မဖွင့်သေးပါ၊ခြံဝင်းထဲမှာတံမြက်စည်းလှည်းနေတဲ့ဝပ်လျှော့ပိုင်ရှင်ရဲ့အမျိုးသမီးဒေါ်နုနုဝင်းကိုသာတွေ့သည်

"တီနု"

ရဝေခေါ်သံကြားတာနဲ့တီနုကတံမြက်စည်းလှည်းနေတာကိုရပ်၍ကြည့်လာသည်။

"အော် သားရဝေလာလေ"
ဒေါ်နုနုဝင်းကရဝေခုလိုစောစောစီးစီးရောက်လာခြင်းအပေါ်အံ့ဩဟန်မပြဘဲခြံတံခါးအားလာဖွင့်ပေးသည်

"ဟုတ်ကဲ့ဗျ"

"သားသူငယ်ချင်းကတော့ထုံးစံတိုင်းအိမ်ကထွက်လာပြန်ပြီထင်တယ်၊ညကတီနုလည်းစောစောအိပ်ယာဝင်တာမို့သူလာတာမသိလိုက်ဘူးကွဲ့"

"အိမ်ကထွက်လာတာမဟုတ်ဘူးဗျ၊ညကသူ့သူငယ်ချင်းဆေးရုံတက်ရလို့ညကြီးအိမ်ကနေမိုးရွာထဲထွက်သွားတာ၊ဒီမနက်ထိအိမ်ပြန်မလာတာမို့ဒီကိုလိုက်လာလိုက်တာ၊မိုးလည်းမိထားတော့ဖျားနေမှာစိုးလို့"

"ဒီကလေးနှယ်ကိုယ့်အကြောင်းကိုသိရက်နဲ့နည်းနည်းလေးမှကိုဂရုမစိုက်ဘူး၊သွားသွားသားသူငယ်ချင်းကိုသွားကြည့်လိုက်ဦး၊ဆေးထိုးရမယ်ဆိုတီနုကိုလာပြောနော်၊အမျိုးသားကိုကားပြင်ခိုင်းထားလိုက်မယ်"

"ဟုတ်ကဲ့ဗျ၊အဲ့ဒါဆိုကျွန်တော်သွားလိုက်ပါဦးမယ်"

ရဝေလည်းတီနုကိုနှုတ်ဆက်ပြီးတာနဲ့ရန်နိုင်ဦးလာရင်အိပ်နေကြအိမ်မကြီးရဲ့နောက်ဘက်ဝပ်လျှော့ကအလုပ်သမားတွေနေတဲ့အခန်းတွဲစီလျှောက်လာခဲ့လိုက်သည်

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now