"ဒီခုံမှာဘဲ ထိုင်ရအောင် မြစ်ကိုလည်းကောင်းကောင်းမြင်ရတယ်"
ရန်နိုင်ဦးနဲ့ ရဝေလွင်တို့နှစ်ယောက် မြစ်ကိုကောင်းကောင်းမြင်ရတဲ့ ထိုင်ခုံနေရာရွေးခါ ထိုင်လိုက်ကြသည်။
"အကိုတို့ ဘာမှာမလဲဗျ"
"အကြော်စုံတစ်ပွဲ ၊ပြောင်းဖူးကြော်တစ်ပွဲ၊မုန့်ပေါင်းတစ်ပွဲပေးပါ"
"ခဏလေးစောင့်ပါဗျ"
စားပွဲထိုးလေးက အမှာကောက်ပြီးတာနဲ့အနားက ထွက်သွားသည်
"အဲ့လောက်ဆိုဝလား လိုရင်ထပ်မှာဦးလေ"
ရန်နိုင်ဦးက ရဝေလွင်အတွက် ရေနွေးတစ်ခွက်ငဲ့ ပေးရင်းပြောသည်။
"အွန်း ရပြီ"
"ထို့နောက် နှစ်ယောက်သား စကားမပြောဖြစ်တော့ဘဲ စားပွဲထိုးလေးလာချပေးမယ့် မုန့်များအား စောင့်ရင်း မြစ်ကိုဖြတ်ပြီးတိုက်လာတဲ့ လေငြင်းရဲ့အေးမျှမှုကို ခံစားနေကြသည်။
"ရပါပြီဗျ.."
စားပွဲထိုးလေးက မှားထားတဲ့ အကြော်စုံနဲ့ မုန့်ပေါင်းများလာချပေးပြီမို့ ငေးနေတာကို ရပ်ခါ စားလိုက်ကြသည်။
"ရော့မင့်ကြိုက်တဲ့ ပြောင်းဖူးကြော်များများစား"
"အွန်း"
ရန်နိုင်ဦးက ရဝေလွင်ကြိုက်တဲ့ ပြောင်းဖူးကြော်လေးကို သူ့ရှေ့နားထိရောက်အောင် တိုးပေးလိုက်သည်။သူကတော့ အကြော်နည်းနည်း မုန်ပေါင်းနည်းနည်းကို
စားတယ်ဆိုရုံသာစားပြီး ရှေ့က လက်တစ်ဖက်က
မုန့်ပေါင်းကိုကိုင်ထားပြီး လက်တစ်ဖက်က အကြော်တစ်ခုကိုကိုင်ခါ တစ်လုတ်ပြီး တစ်လုတ် အားရပါးရစားနေတဲ့ ရဝေလွင်ကိုသာငေးကြည့်နေမိသည်။ဘာဘဲစားစား ပါးလေးနှစ်ဖက်ဖောင်းနေအောင် စားတက်တာကလည်း သူ့အတွက်တော့ အချစ်ပိုစရာ အကြောင်းပြချက်တစ်ခုလေးပါဘဲ။
"စားလေ ငါ့ကိုကြည့်နေလို့ ဗိုက်ပြည့်မှာလည်း မဟုတ်ဘဲနဲ့"
ရဝေလွင်က မုန့်မစားဘဲ သူ့ကိုငေးကြည့်နေတဲ့ ရန်နိုင်ဦးအား ပလုတ်ပလောင်းစားနေရင်ဖြင့် ပြောလိုက်သည်။
YOU ARE READING
သို့/ချစ်ရပါသောကောင်ဆိုးလေး
Viễn tưởngဆိုးပေလွန်းလို့တစ်ရပ်ကွက်လုံးကချဉ်ဖတ်လို့သတ်မှတ်ထားတဲ့ကောင်လေးနဲ့မိဘရဲ့အုပ်ထိန်းမှုအောက်ကနေမလွှတ်မြှောက်နိုင်တဲ့ကောင်လေး၊သူတို့နှစ်ယောက်ရဲ့သူငယ်ချင်းသံယောဇဉ်ကနေဖြစ်ပေါ်လာမယ့်အချစ်ဇာတ်လမ်းလေးကိုလိုက်ပါဖတ်ရှုခံစားပေးကြပါဦး 1.8.2024