သို့/ချစ်ရပါသောကောင်ဆိုးလေး(၃၁)

175 14 1
                                    

"ရဝေလွင်..ရဝေလွင်"

ရန်နိုင်ဦးတစ်ယောက်  ရဝေလွင်ရဲ့ နာမည်ကို တကျော်ကျော်ခေါ်ကာ ခြံထဲသို့  အပြေးတစ်ပိုင်းဝင်လာခဲ့သည်။

ညနေပိုင်းဆို အိမ်ရှေ့ ကွပ်ပစ်မှာထ်ိုင်နေတက်တဲ့ ရဝေလွင်က ဒီနေ့မှ ထိုနေရာမှာလည်း မရှိ၊အိမ်ပေါ်မှာ ရှိမလားဆိုပြီး အိမ်ပေါ်တက်ရှာပြန်တော့လည်း အိမ်ရှေ့ခန်းမှာရော၊ အိပ်ခန်းထဲမှာရော မရှိ။

ဒါနဲ့ အိမ်အောက်သို့ ပြန်ဆင်းလာခဲ့ပြီး မီးဖိုချောင်ထဲ ဝင်ခါ နာမည်တခေါ်ခေါ်နဲ့ အော်လိုက်သည်။

"ရဝေလွင် ၊ရဝေလွင် အချစ်ကလေး ဘယ်ရောက်နေတာလဲ"

"ကင်းကိုက်ခံရလို့ ငါ့နာမည်ကို အဲ့လောက်အော်ခေါ်နေတာလား"

ရန်နိုင်ဦးရဲ့ အသံကျယ်ကျယ်နဲ့ အော်ခေါ်နေတဲ့ အသံနောက် ရဝေလွင်ရဲ့ ဘောက်ဆတ်ဆတ်အသံက ထွက်လာသည်။

အသံလာရာကို ကြည့်လိုက်တော့ ခြံနောက်ဖေး မန်ကျည်းပင်ကြီးအောက်ကနေ ထိုင်ရက်ပြောနေတာဖြစ်သည်။ရန်နိုင်ဦးလည်း ရဝေလွင်ဆီသို့ အပြေးသွားပြီး ရင်ခွင်ထဲသို့ သိုင်းဖက်ပစ်လိုက်သည်။ရဝေလွင်က ယုတ်တရက် ပြေးဖက်လာတဲ့ ရန်နိုင်ဦးရဲ့ ကိုယ်အလေးချိန်ကိုတောင့်မခံနိုင်ဘဲ နောက်ပြန်လှဲကျသွားတာကြောင့် ရဝေလွင်ကအောက်က ရန်နိုင်ဦးက အပေါ်ကနေ ထပ်ရပ်ဖြစ်နေတော့သည်။

"ဖယ်.ဖယ်စမ်း၊ငါ့အပေါ်ကနေ"

"ဟီး.. အပျော်လွန်သွားလို့ပါ အချစ်ရယ်"

"ဘာ ဘယ်ကအချစ်လဲ၊ လူမှားနေတာလား"

အပေါ်ကနေ မျက်နှာစပ်ဖြဲဖြဲနဲ့ အချစ်ရယ် လာလုပ်နေတဲ့ ရန်နိုင်ဦးကြောင့် ရဝေမျက်မှောင်ကျုံ့ခါကြည့်ပြီး မေးလိုက်သည်။

"လူမမှားပါဘူးကွာ၊ ဟော့ဒီက ရဝေလွင် အချစ်လေးကိုဘဲ ခေါ်တာပါ"

ရန်နိုင်ဦးက ရဝေလွင်ရဲ့ မေးဖျားလေးကို ကိုင်မော့ခါပြောလိုက်တော့ ရဝေလွင်မှာ ရှက်သွေးဖြာသွားရသည်။

"ဖယ် အပေါ်ကနေ ၊ မင့်ကိုယ်လုံးကြီးနဲ့ဖိထားတာ သေတော့မယ်"

ရဝေလွင်က ရှက်ရှက်နဲ့ အောက်ကနေ အတင်းတွန်းဖယ်မှ ရန်နိုင်ဦးက ရဝေလွင်ရဲ့ အပေါ်က‌‌နေ ဖယ်ပေးလိုက်ပြီးလက်ကမ်း ပေးလိုက်သည်။

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now