သို့/ချစ်ရပါသောကောင်ဆိုးလေး(၁၂)

70 7 2
                                    


"ဒီနေ့မင့်ကိုကြည့်ရတာအိမ်ပြန်ဖို့လောနေသလိုဘဲ၊ဘာအရေးကြီးကိစ္စများရှိလို့လည်း"

"ဟုတ်တယ်ခွန်းသာရေ၊ရန်နိုင်ဦးနဲ့ချိန်းထားတာရှိလို့၊မနေ့ကညကြီးဖုန်းဆက်ပြီးချိန်းလာတာ"

ရဝေလွင်ကစာအုပ်တွေသိမ်းရင်းခွန်းသာရဲ့အမေးကိုဖြေလိုက်သည်

"အေးအေး၊အဲ့ဒါဆိုငါ့ကိုမစောင့်ဘဲသွားနှင့်လို့ရတယ်နော်"

"အဲ့ဒါဆိုငါသွားနှင့်ပြီးနော်နောက်မှတွေ့မယ်"

"အေး"

ရဝေတစ်ယောက်ခွန်းသာကိုနှုတ်ဆက်ပြီးတာနဲ့ကျောင်းရှေ့သို့ထွက်လာခဲ့လိုက်သည်၊‌ကျောင်းရှေ့အုတ်ခုံမှာထိုင်နေတဲ့လင်းလင်းကျော်ကိုတွေ့တာနဲ့သူ့ဆီသို့ဆိုင်ကယ်ကိုဦးတည်လိုက်သည်

အနားရောက်တာနဲ့လင်းလင်းကျော်မျက်နှာကဒဏ်ရာတွေကိုအရင်ဆုံးသတိထားမိလိုက်သည်၊ဒဏ်ရာတွေကသွေးနည်းနည်းဆို့နေသေးတာကြောင့်မနေ့ကမှရန်ဖြစ်ထားပုံရသည်၊တစ်ဆက်ထဲမှာလည်းရန်နိုင်ဦးကိုစိတ်ပူမိသွားသည်၊အခါတိုင်းဆိုသူကိုယ်တိုင်ကျောင်းထိလာမကြိုရင်တောင်လမ်းတစ်နေရာမှာစောင့်နေကြ၊ခုတော့သူ့သူငယ်ချင်းကိုလာကြိုခိုင်းရလောက်အောင်ဒဏ်ရာတွေကပြင်းနေလို့လားမသိ၊ရဝေမှာညကြီးသူဖုန်းဆက်လာကတည်းကစိတ်မချဖြစ်နေရတာ၊

"မင့်မျက်နှာကဒဏ်ရာတွေကရန်ဖြစ်ထားကြတာလား၊ရန်နိုင်ဦးရောဘာဖြစ်သွားသေးလည်း၊သူ့ကိုယ်တိုင်တောင်လာမကြိုနိုင်တာအရန်းကြီးထိခိုက်သွားလို့လား"

"စိတ်မပူပါနဲ့၊ပွန်းပဲ့ရုံလောက်လေးပါ၊အခါတိုင်းလိုဘဲမင့်ဆေးထည့်ပေးရင်သက်သာနိုင်လောက်ပါတယ်"

ထိုအခါမှဘဲရဝေမှာစိတ်ချနိုင်တော့တယ်

"အဲ့ဒါဆိုသွားရအောင်လေ၊မင့်ဆိုင်ကယ်ပါသေးလား"

"မပါဘူး၊ဖြိုးညီလိုက်ပို့သွားတာ၊ငါမောင်းလိုက်မယ်မင့်ကသွားမယ့်နေရာမှမသိတာ"

လင်းလင်းကျော်ကသူရှေ့ကမောင်းမယ်ဆိုတာကြောင့်ရဝေဆိုင်ကယ်ပေါ်ကဆင်းပြီးနောက်ကထိုင်လိုက်သည်

သို့/ချစ်ရပါသောကောင်ဆိုးလေးWhere stories live. Discover now