Chapter 18

212 38 1
                                    

ပုစ္ဆာတွက်ခြင်း

ရိချန်းလျန်က ယွင်ဖန်းရှေ့ကနေ ကတိုက်ကရိုက် လျှောက်သွားကာ ယွင်ဖန်းကတော့ သူ့ကို မှီဖို့ရန် အလျင်လိုမနေပါချေ။

လူငယ်လေး၏ သွင်ပြင်က အနည်းငယ် ပိန်ပါးကာ အဖြူရောင် လက်တိုအင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်ကို ဝတ်ထားလျှက် နှစ်ပေါင်းများစွာစီးခဲ့ပြီးဖြစ်ကာ ယခုဆို ချုပ်ရိုးများတောင် ကွဲနေ၍ ကော်ကပ်ထားရသော ဖိနပ်တစ်ရံကို ဝတ်ဆင်ထားလေကာ လူအုပ်ကြားထဲ ပျောက်သွားခဲ့ပါက ရှာဖို့ ခက်မည်ပင်။

ရိချန်းလျန်၏ အဖြူရောင် ရှပ်လက်တို ဝတ်ခါနီးတုန့်ဆိုင်းသွားခဲ့သေးသည့် တခဏ၊  ရေခဲမုန့် ယူလိုက်ချိန် သူ့၏ အခက်တွေ့မှု၊ သူ့အတွက် ဘတ်စ်ကားခပေးခဲ့သော ဂရုစိုက်မှု၊ ဒါတွေကို ယွင်ဖန်းသိခဲ့ပါ၏။

တောက်ပကာ လှပသည့် လူစုလူဝေးနှင့် ရင်ဆိုင်ရချိန်၌ ရုတ်တရက်ဆန်သော ကူကယ်ရာမဲ့မှုနှင့် လွတ်မြောက်လိုမှုတို့က ရုတ်တရက် တိုးထွက်လာလိမ့်မည်ပင်။

လူငယ်လေး၏ မာနနှင့် မိမိကိုယ်ကိုယ် တန်ဖိုးထားခြင်းတို့က သူ့အား ဤ ဆတ်ဆတ်ထိမခံနိုင်ခြင်းနှင့် သိမ်ငယ်တတ်ခြင်းများကို ခွင့်မပြုခဲ့ပေမဲ့ သူရှုံးနိမ့်ရချိန်များ၌ ၎င်းတို့က အမှတ်တမဲ့ ထွက်ပေါ်လာတတ်ကာ သူ့ကို အမြဲကြည့်နေတတ်သူအား ဝမ်းနည်းရစေလေသည်။

ထို့ကြောင့် အဆုံး၌ သူ့က ထိုသူ့အား သိုးသားတုတ်ထိုးသွားစားရန် ဆွဲခေါ်သွားဖို့အထိ မလုပ်နိုင်ခဲ့ဘဲ လမ်းမဘေးရှိ ဈေးအသက်သာဆုံး ခေါက်ဆွဲဆိုင်သို့ ခေါ်သွားခဲ့တာဖြစ်သည်။

ယွင်ဖန်းက သူ့အား ဤသို့ခံစားရန် မလိုအပ်ကြောင်း ပြောချင်ခဲ့ပါ၏။ သူ ကြီးပြင်းလာချိန်တွင် ငွေကို ရေလိုဖြုန်းလျှင်တောင် နည်းနည်းလေးမှ ရင်နာရလိမ့်မည်မဟုတ်ကြောင်း၊ ငွေကို များပြားစွာ ရှာနိုင်မည်ဖြစ်သလို ခုလိုအရှက်ရစရာအခိုက်အတန့်များကို ရင်ဆိုင်နိုင်လိမ့်မည်ဖြစ်ကြောင်း။ တစ်ခါတစ်ရံ၌ မိမိကိုယ်ကို တန်ဖိုးထားခြင်းသည် လက်တွေ့ဘဝရှေ့၌ ထုတ်ပြောရန်ပင် မထိုက်တန်ကြောင်း။

အချိန်မီလေး...[ဘာသာပြန်]Where stories live. Discover now