ညစာ
ယွင်ဖန်း၏ မျက်နှာက ဖြူဖျော့သွားကာ နှုတ်ခမ်းတွင် သွေးရောင်မရှိတော့ပါချေ။ ရိချန်းလျန်က နမ်းပြီးနောက် သူ့၏ထိုသို့ပုံစံကို တွေ့လိုက်ရချိန်၌ အလွန်အမင်းအပြစ်ရှိသကဲ့သို့ ခံစားလိုက်ရလေသည်။
"ယွင်ဖန်း?"
ရိချန်းလျန်က သတိထားကာခေါ်လိုက်ပြီး အပ်များထိုးထားသည့် ဘယ်လက်ကိုမြှောက်ကာ သူ့ကို ထိလိုက်သည်။
"ငါရှိတယ်လေ"
ယွင်ဖန်းက သူ့လက်ကို ကိုင်လိုက်သည်။
ပူနွေးသည့်နွေးထွေးမှုတစ်ခုက အေးစက်စက်သွေးများနှင့်အတူ သူ့နှလုံးသားထဲ ပြန်စီးဝင်လာကာ ထိတ်လန့်တုန်လှုပ်သွားသည့် ဝိညာဉ်အား လောကထဲ ပြန်ခေါ်လာပေးလာသည်။
ရိချန်းလျန်၏ သတိထား၍နောင်တပြည့်နေသည့် အမူအယာက ယွင်ဖန်း၏ မျက်လုံးထဲဝင်သွားခဲ့၏။ သူက ငယ်ရွယ် သူကိုယ်တိုင်အား နူးညံ့စွာပြောလိုက်သည်။
"မကြောက်နဲ့"
နောက်ဆုံးတော့ သူသည် ဝမ်းလည်းသာသလို ကြောက်လည်း ကြောက်လာမိသည်။ဝမ်းသာရသည်က သူဟာ အစကိုပြန်ရောက်သွားပြီး တခြားလူတစ်ယောက်ဖြစ်လာရ၍။ထို့ပြင် ဆုံးဖြတ်ချက်ကို ရုတ်ချည်းချ၍အလွန်ပူပြင်းလှသည့် နေ့လည်ခင်းတစ်ခု၌ ရှင်းနန်လမ်းကြားဆီ ပြေးသွားမိခဲ့၍ပါပင်။
ကြောက်မိသည်က သူသာ ဆုံးဖြတ်ချက်မှားယွင်းမိသွားပါက သူ့ရှေ့ကလူအား လမ်းမှားရောက်စေပြီး သူကြုံခဲ့ရသမျှအား ထပ်မံကြုံစေမိမည်ကိုပင်။
သူ့ကိုယ်သူ အေးစက်ကာ အညှာတာကင်းလှပြီဟု ထင်ထားခဲ့ပေမဲ့ မမျှော်လင့်ထားစွာပင် သူ့ဝိညာဉ်၏အနက်ဆုံးထဲမှ နောက်ဆုံးသော နူးညံ့မှုလေးအား ဆွဲထုတ်လာနိုင်ပြီး ရိချန်းလျန်ကိုင်ထားသည့် ဓါးတွင် ရစ်ပတ်လိုက်မိဆဲပင် ။
ထိုသည်မှစ၍ သူမရပ်တန့်နိုင်တော့။ မနေနိုင်စွာဖြင့် ငယ်ရွယ်သည့် သူ့ကိုတော့ဖြင့် ရင်ခွင်ထဲ တင်းတင်းထည့်ဖက်ကာ ကာကွယ်နိုင်ရန် အကောင်းဆုံးကြိုးစားတော့မည်။ ဤမှစ၍ လေနှင့်မိုး ၊သွေးလွှမ်းသော အမှောင်ထုနှင့် မြားမိုးဟူသည် ရိချန်းလျန်နှင့် သက်ဆိုင်တော့မည် မဟုတ်ချေ။
![](https://img.wattpad.com/cover/375742236-288-k818364.jpg)
YOU ARE READING
အချိန်မီလေး...[ဘာသာပြန်]
Romanceစာရေးသူ : ကွေးဟုန်လော့ရွှယ် အမျိုးအစား : Yaoi/Danmei/BL, Reincarnation, Modern,Sweet,Campus