Chapter 22

237 42 1
                                    

ရန်စခြင်း

နှစ်ဝက်စာမေးပွဲရလဒ်က ခပ်မြန်မြန်ပဲ ထွက်လာသည်။

အမှတ်စာရင်းစာရွက်အား တံခါးတွင်ကပ်ထားတာကြောင့် အတန်းဖော်များက အလျင်စလိုသွားကြည့်ကြပေမဲ့ ယွင်ဖန်းကတော့ လူအုပ်ကြီးကို သဘောမကျဝာာကြောင့် သူ့ခုံမှာပဲ ထိုင်နေခဲ့ကာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ပြီးပြည့်စုံသည့်အမှတ်ရရန် အက်ဆေး စာအုပ်တစ်အုပ်ကို ဖတ်နေလိုက်သည်။

"ယွင်ဖန်း"

ရိချန်းလျန်က လူအုပ်ကြားထဲ ညှပ်နေလျှက် သူ့ကိုအော်ခေါ်လာ၏။

"မင်းရဲ့အမှတ်က ၆၀၂မှတ်! တစ်ကျောင်းဆုံးအဆင့် ၃၁၆! ငါတို့အတန်းရဲ့အဆင့်အနေနဲ့ ၁၅!"

ယွင်ဖန်းက မအံ့ဩပေ။ သူက ပြီးခဲ့သည့် စာမေးပွဲတုန်းကထက် အမှတ်ခြောက်ဆယ် ပိုတက်လာကာ မေးခွန်းလေ့ကျင့်ခြင်းများက အချည်းနှီး မဖြစ်ခဲ့ပါချေ။ သူက မော့‌ကြည့်ပြီး မေးလိုက်သည်။

"မင်းကရော?"

"ငါ သွားပြီး ထပ်ကြည့်လိုက်ဦးမယ်"

ရိချန်းလျန်က လူအုပ်ကြားထဲ တိုးဝင်သွားပြန်၏။

ပြန်လာချိန်တွင် ရိချန်းလျန်က စိတ်အားထက်သန်မှု လျော့ပါးစွာ ပြောလာသည်။

"ငါက ၅၀၈မှတ် အဆင့် ၃၉၆"

ယွင်ဖန်းက ‌သူ ဝင်ထိုင်နိုင်ရန် ကိုယ်ကို နောက်ဘက်သို့ မှီလိုက်ချိန် ရိချန်းလျန်၏ ပဟေဠိဖြစ်စွာပြောလာသံကို ကြားလိုက်ရသည်။

"မင်း အမှတ်တွေကို တမင်တကာ ကျအောင် လုပ်ထားပြန်ပြီမလား?"

နေ့တိုင်း ကြိုးကြိုးစားစား မေးခွန်းများလုပ်ကာ နောက်ဆုံးမှာ အမှတ်ခြောက်ရာ ရခဲ့ပြီဖြစ်သည့် ယွင်ဖန်းက ပြောလိုက်၏။

"....ငါ မင်းကို ရိုက်ချင်လာအောင် မလုပ်နဲ့"

ရိချန်းလျန်က အနားတိုးကာ သူ့လက်ထဲမှ စာအုပ်ကို ကြည့်လာသည်။

" <<လုံ့လဝီရိယက ချို့တဲ့ခြင်းကို ဖြည့်စွမ်းနိုင်၏>>လုံလဝီရိယက ကျွန်ုပ်တို့ရုန်းကန်ရခြင်းများအတွက် အခြေခံအုတ်မြစ်....."

အချိန်မီလေး...[ဘာသာပြန်]Where stories live. Discover now