Chapter 32

154 34 0
                                    

အရသာ

ရိချန်းလျန်အဖြစ် သုံးဆယ့်ငါးနှစ်တိုင် ရှင်သန်ခဲ့ဖူးသော ယွင်ဖန်းဟာ တစ်ခါလေးမှ မချစ်ဖူးသလို ချစ်သူလည်းမရှိခဲ့။ ညအိပ်ဖော်ပင် မရှိခဲ့ဖူးချေ။သူ၏ စိတ်ခံစားချက်အတွေ့အကြုံကရေသန့်ကဲ့သို့ ဗြောင်ဖြစ်ကာ အရသာမရှိလှပါပေ။

ယင်းက သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးမည့်သူ မရှိ၍မဟုတ်။

မကောင်းဆိုးဝါးဖြစ်ခြင်းအပေါ် မယုံကြည်ကြသူများလည်းရှိသလို အေးစက်စက်သံချောင်းကို ‌အပူပေးနိုင်လိမ့်မည်ဟု ခေါင်းမာစွာတွေးထင်တတ်ခဲ့ကြသော်ငြား အဆုံးမှာတော့ ၎င်းတို့အားလုံး ရှုံးနိမ့်ခဲ့ကြရသည်ပင်။

သူ၏ နှလုံးသားမဲ့မှုကြောင့် သူမသေခင်က ဝမ်ဟွေ့ကပင် သူ့အား လူမဆန်ကြောင်း သွေးရူးသွေးတမ်းဖြင့် ဆဲဆိုခဲ့ဖူးသေးသည်ပင်။

ထိုသိုဆဲဆိုဖူးသည်က သူမ ပထမဆုံးမဟုတ်ပေမဲ့ ကံကောင်းစွာဖြင့် သူမက နောက်ဆုံးတစ်ယောက်ဖြစ်ခဲ့ပေသည်။

ဤလောကသို့ သူတစ်ယောက်တည်း ရောက်လာကာ တစ်ယောက်တည်း ထွက်သွားခဲ့ရ၏။ သူသေဆုံးချိန်တုန်းက သူအား စိတ်သက်သာရာရစေရန် ခွင့်ပြုခဲ့ပေးသည့် ဝမ်ဟွေ့အား အနည်းငယ် ကျေးဇူးတင်ခဲ့မိသေးသည်။

သူဟာ အစွဲလမ်းကြီးစွာဖြင့် လူတိုင်းအား သူ့ကမ္ဘာ၏အပြင်ဘက်သို့ တွန်းထုတ်ခဲ့လုနီးပါးဖြစ်ကာ ကြင်နာမှုများနှင့် ပိုးပန်းမှုများအား ‌ပျော်ရွှင်စွာ ငြင်းဆိုနိုင်သည်ဟု အေးစက်စက်တွေးခဲ့မိပြီး ထိုသို့ထပ်ပြီး လုပ်ရမည်ဆိုလျှင်တောင် ခြွင်းချက်ထားဖို့ရန် အစီစဉ် မရှိခဲ့ပါချေ။

သူက ဤလောကနှင့် မည်သည့်ချည်နှောင်မှုမှ မရှိကာ ရှင်းလင်းသေသပ်စွာ ငရဲသို့ထွက်ခွာမည်ဖြစ်သည်။

သို့ပေမဲ့ ဤတစ်ကြိမ်မှာတော့ "အရာရာတိုင်းမှာ ခြွင်းချက်အမြဲရှိသည်။' ဆိုသည့်အဓိပ္ပါယ်အား သူအမှန်တကယ်ကို တွေ့ကြုံလိုက်ရပြီပင်။

ဥပမာ ယခုအချိန်၌ သူနှင့် လက်တွဲထားဆဲဖြစ်ကာ နောက်ကနေ ခြေတစ်လှမ်းချင်း လိုက်လာနေသည့် ရိချန်လျန်ကဲ့သို့။

အချိန်မီလေး...[ဘာသာပြန်]Where stories live. Discover now