Chapter 19

267 52 0
                                    

ပြန်လည် သင့်မြတ်ရေး

ရိချန်းလျန်မှာ ဒေါသတကြီး ဖြစ်သွားရင်း ထိုတစ်ယောက်အား ရိုက်ပစ်ဖို့ ဟန်ပြင်လိုက်ပေမဲ့ ယွင်ဖန်းက သူ့လက်ကောက်ဝတ်ကို ဖိညှစ်ကာ ဆိုလာသည်။

"ကလေးတွေက အကြမ်းဖက်တာကို လွယ်လွယ် မလုပ်သင့်ဘူးလေ"

ရိချန်းလျန်က သူ့အား စိတ်ပျက်လက်ပျက် စိုက်ကြည့်လာပေမဲ့ နောက်ဆုံးမှာတော့ သူက ယွင်ဖန်း၏အိမ်တွင် ရှိနေတာဖြစ်တာမို့ မလှုပ်ရှားခဲ့တော့ချေ။

"စုန့်ချွင် ပြီးခဲ့တဲ့ ရက်နည်းနည်းလောက်တုန်းက ကျွန်တော့်ကိုလာတွေခဲ့သေးတယ်။ သူ့ပုံက အရမ်း စိတ်ထိခိုက်နေသလိုပဲ"

စွင်းယွမ်က ပိုပြီးထိန်းမနိုင် သိမ်းမရ‌ဖြစ်လာကာ သူ့က ရန်စခြင်း၌ ပါရမီ ပါလာသည့်ပုံဖြင့် စိုးရိမ်စွာပြောလာ၏။

"ပြောင်ကောရေ...မင်း စုန့်ချွင်ကို လိုက်ခဲ့တုန်းက သူ့ကို အိမ်ခေါ်မလာဖူးပါဘူး။ အန်တီတို့ ဦးလေးတို့နဲ့ သွားတိုးမိရင် ဘယ်လိုလုပ်မလဲ?"

"မင်း ပြောတာ ပြီးပြီလား?"

ယွင်ဖန်းက သူ့အား အမူအယာမဲ့စွာ ကြည့်လိုက်၏။

စွင်းယွမ်က သူ့စကားကြောင့် ခဏလောက် နင်သွားခဲ့ကာ မူလက သူဘာပြောချင်ခဲ့သည်ကိုပင် မမှတ်မိတော့ပေ။

"‌မင်း ပြောပြီးပြီဆိုရင် ထွက်သွားပြီး တံခါးပါပိတ်ခဲ့"

ယွင်ဖန်းက ရိချန်းလျန်ကို ထိုင်ခုံဆီ ပြန် ဖိချလိုက်သည်။

ထို့နောက် သူက ထိုင်ခုံကိုပါ ဆွဲယူကာ ရူပဗေဒပုစ္ဆာကို ဆက်လုပ်တော့သည်။

စွင်းယွမ်က နေရာတွင် ရပ်နေဆဲပင်။ သူတို့အား ခဏလောက် စိုက်ကြည့်နေခဲ့ပြီး ဆက်၍ ရန်စရမလား မစရတော့မလားကိုပင် မသိတော့။

ယွင်ဖန်းက သူ တံခါးဝတွင် ရပ်နေဆဲဖြစ်သည်ကို ခံစားမိတာကြောင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

" တခြား ဘာရှိသေးလို့လဲ?"

စွင်းယွမ်၏ မျက်နှာက ဝက်အသည်းနီးပါး နီရဲလာလေသည်။

အချိန်မီလေး...[ဘာသာပြန်]Where stories live. Discover now