Chapter 27

119 32 0
                                    

အစာသွပ်ပေါက်စီပေါင်း

ချန်ကျစ်ချီးက အနီနှင့်အဖြူကျောင်းဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ဆံပင်တစ်ချောင်းချင်းစီကပင် နေရာတစ်ကျရှိနေသည်။ သူ့ပုံစံကအမှတ်တစ်အထက်တန်းကျောင်း၏ ကျောင်းသားသစ် ပရိုမိုးရှင်း ရိုက်ကူးရေးများကို အချိန်မရွေး ဝင်ရိုက်ပေးနိုင်သည့်အလား။

သူက ယွင်ဖန်းနှင့် ရိချန်းလျန်တို့ထက် ခေါင်းတစ်ဝက်စာလောက်ပိုရှည်ကာ ထိုနေရာမှာ ရပ်နေရုံဖြင့်ပင် ဖိနှိပ်နိုင်စွမ်းရှိနေပြီပင်။

"မင်းတို့နှစ်ယောက်ကို မေးစရာရှိတယ်"

ယွင်ဖန်းသည် သူတို့ကျောင်းနောက်ကျခဲ့သည့်အကြောင်းဟု ထင်လိုက်ကာ သူ့အား ပြုံးပြလိုက်၏။

"ကျွန်တော်တို့ နံရံကျော်တက်တာအတွက် ကိုယ်တိုင်သုံးသပ်စာရေးစေချင်တာများလား?"

"မဟုတ်ဘူး"

ဤကောင်းကင်ဘုံ၏ ဂုဏ်ယူရသော သားတော်က ဘာတွေးနေသည်ကို မသိနိုင်ချေ။ သူ့မျက်နှာက အတော်လေး ဆိုးရွားနေခဲ့၏။

"အဲ့ဒီနေ့က မင်းတို့နဲ့အတူ နံရံကျော်တက်ခဲ့တဲ့ကောင်လေးရဲ့ နာမည်က ဘာလဲ?"

"ကျွန်တော်မသိဘူး"

ရိချန်းလျန်၏ အလိုအလျှောက်အသိက ချန်ကျစ်ချီးအားအတော်လေး သတိထားနေမိကာ ယွင်ဖန်းကိုဆွဲခေါ်လို့ ထွက်သွားချင်နေပြီပင်။

" မင်း သူ့ကို ဘာလို့ရှာနေတာလဲ?"

ယွင်ဖန်းက မသွားခင် မေးလိုက်သေးသည်။

ချန်ကျစ်ချီးကပြော၏။

"ကိုယ်ရေးကိုယ်တာကိစ္စပါ"

ယွင်ဖန်းက သူ့လက်ကို ရိချန်းလျန်၏ ပုခုံးထက်တင်ကာ အနည်းငယ်ပြုံးလိုက်၏။

"အိုး၊ ဒါဆိုလည်း ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်နော့"

ထို့နောက် သူနှင့် ညီလေးရိချန်းလျန်တို့ဟာ တစ်ယောက်ပခုံး တစ်ယောက်ဖက်ကာ အပေါ်တက်သွားကြလေသည်။

အချိန်မီလေး...[ဘာသာပြန်]Where stories live. Discover now