Chapter 31

215 44 2
                                    

လမ်းကြား

မီးပန်းပွဲက ညသန်းခေါင်တွင် ပြီးသွားခဲ့ကာ စည်ကားခဲ့သည့်လမ်းမထက်  လူများစွာ မကျန်တော့ပေ။

"မင်း ငါ့ကို အဖေအဖြစ်သတ်မှတ်လိုက်ရင် အခုကစပြီး မင်းအဖေက မင်းကို ကာကွယ်ပေးသွားမယ်!"

ချီဟော့က ချန်ကျစ်ချီးပုခုံးကို သိုင်းဖက်ထားကာ ဟက်ဟက်ပက်ပက်ရယ်လိုက်၏။

"ငါ ကတိပေးတယ်!  သေချာပေါက် မင်းကိုရှောင်ပြီး  နံရံကျော်တက်မှာ၊ ငတုံးကောင်လေးရ!"

ချန်ကျစ်ချီး ဘယ်လောက်ပဲ ယဥ်ကျေးသိမ်မွေ့တတ်သည်ဆိုပါစေ။ ထိုစကားကြောင့် မျက်နှာက နီရဲသွားရကာ
ဤအရူးကောင်အား ကျင်းရွှေမြစ်ထဲသို့ပင် လွှင့်ပစ် နှစ်မြုပ်ပစ်ချင်စိတ် ပေါက်သွားရသည်။

တစ်ဖက်မှာ အဖေနှင့်သား ပြဇာတ်ကနေချိန်မှာ တခြားတစ်ဖက်မှာတော့ ရိချန်းလျန်ဟာ  မူးနေသည့် အရိပ်အယောင်မရှိဘဲ ယွင်ဖန်းနောက်မှ ပုံမှန် အမူအယာဖြင့် လိုက်သွားလေ၏။

ယွင်ဖန်းက ခြေတစ်လှမ်းလှမ်းလျှင် သူလည်း တိတ်တဆိတ်ဖြင့် တစ်လှမ်း လိုက်လှမ်းသည်မှာ ပိုလည်းမပို လျှော့လည်းမလျှော့ဘဲ ဂိမ်းထဲမှ အိမ်မွေးတိရိစ္ဆာန်လေးကဲ့သို့ပင်။

"မင်းသူ့ကို အိမ်ပြန်ပို့ပေးလိုက်"

ယွင်ဖန်းက ရပ်လိုက်တာကြောင့် ရိချန်းလျန်မှာ သူ့နောက်ကျောနှင့် တိုက်မိလုနီးပါးဖြစ်သွားရသည်။

"ငါက?"

ချန်ကျစ်ချီးက မျက်မှောင်ကြုတ်သွား၏။

"သူ ဘယ်မှာနေလဲဆိုတာ ငါမသိဘူး‌"

"တိုက်ဆိုင်လိုက်တာ။ငါလည်း မသိဘူး"

ယွင်ဖန်းက အနည်းငယ် ယိုင်တိုင်တိုင်ဖြစ်နေသည့် ရိချန်းလျန်ကို တွဲထားလိုက်ပေမဲ့ ရိချန်းလျန်က သူ့လက်မောင်းကို ဖက်ထားကာ လွှတ်ကိုမပေးတော့ချေ။

အရက်မူးမနေသည့်လူနှစ်ယောက်မှာ အချင်းချင်းခဏလောက် အကြည့်ချင်းစစ်ခင်းနေကာ  အဆုံးမှာတော့ ချန်ကျစ်ချီး အရှုံးပေးလိုက်ရသည်။အကြောင်းပြချက်ကတော့ ရိုးရှင်းပါ၏။ ချီဟော့ဟာ သူ့အား ရေဘဝဲတစ်ကောင်လို ကပ်တွယ်နေကာ ခွာမရလို့ပါပင်။ သူဟာ သားလေး သားလေး ဟု မပြတ်ခေါ်လိုက်သေးကာ ယင်းက ချန်ကျစ်ချီးနဖူးပြင်က သွေးကြောတွေကို ထောင်ထသွားစေရလေသည်။
 

အချိန်မီလေး...[ဘာသာပြန်]Where stories live. Discover now