နှစ်သစ်ကူး
"ချီဟော့ ဒီည ကျင်းရွှေပန်းခြံမှာ မီးပန်းလွှတ်ပွဲရှိတယ်။ သား ရှောင်ချွင်ကိုခေါ်ပြီး သွားကြည့်ပါလား"
ချီရွှမ်းက အိတ်ကိုင်ကာ ဒေါက်မြင့်ဖိနပ်စီးလျက် ချီဟော့၏အိပ်ခန်းတံခါးဆီ လျှောက်သွားကာ တံခါးခေါက်လိုက်သည်။
"အမေ ဒီနေ့အပြင်သွားစရာရှိလို့"
ချီဟော့က အိပ်ရာထက်၌ တစ်ဖက်လှည့်လိုက်ကာ အော်လိုက်၏။
"ကျွန်တော် မသွားဘူး!"
"အမေ ဘာပြောထားလဲ?"
ချီရွှမ်းက တံခါးဖွင့်လိုက်လျက်
"စုန့်ချွင်က နောက်ဆို သားနဲ့ညီအစ်ကိုဖြစ်လာမှာလေ-""သောက်ကျိုးနည်း ညီအစ်ကိုက ဘယ်ကရလာရတာလဲ!"
ချီဟော့က စိတ်ဆိုးမာန်ဆိုးဖြင့် အိပ်ရာပေါ်တွင် ထထိုင်လိုက်၏။
"အမေက အဖေ့ကိစ္စတွေကိုလည်း ဖုံးထားတယ်။ ကွာရှင်းတာကိုလည်း ဖုံးထားသေးတာပဲ။ သတ္တိရှိရင် အိမ်ထောင်ထပ်ပြုမယ့်ကိစ္စကိုလည်း ထပ်ပြီး ဖုံးကွယ်လိုက်ပါတော့လား ! ဘယ်သူက သောက်ကျိုးနည်း ညီလေး လိုချင်နေလို့လဲ!”
ချီရွှမ်းက ထိုနေရာတွင် မတ်တပ်ရပ်နေလျက် မျက်ဝန်းတွေက ရုတ်တရက် နီစွေးလာသည်။ သူမက ပါးစပ်ဟလိုက်၏။
"ချီဟော့...."
ချီဟော့က အခုထိ အိပ်ရေးမဝသေးကာ စိတ်ကလည်း အလွန်သုန်မှုန်နေသည်။ သူက ဖိနပ်ပါးစီးလျှက် ချီရွှမ်းဘေးမှ ဖြတ်ကာ သန့်စင်ခန်းထဲ ဝင်သွားတော့သည်။
သန့်စင်ခန်းမှ ထွက်လာချိန်မှာတော့ ချီရွှမ်းက ထွက်သွားပြီဖြစ်၏။ ဧည့်ခန်းရှိ ကော်ဖီစားပွဲထက်တွင်မူ ငွေတစ်ထပ်ရှိနေပြီး မှတ်စုတစ်ခုလည်း ထိုအောက်တွင် ရှိနေလျက်သား။
ချီဟော့က မှတ်စုအား စိတ်တိုစွာဖြင့် ကောက်ယူကာ စုတ်ဖြဲ၍ အမှိုက်တောင်းထဲ လွှင့်ပစ်လိုက်သည်။
"ချီးကို စုန့်ချွင်!"
သူက ငွေအထပ်လိုက်အား စိုက်ကြည့်လျှက် ဒေါသတရားကမူ အကန့်အသတ်ကို ချိုးဖောက်တော့မတတ်ဖြစ်နေပြီ ဖြစ်သည်။

YOU ARE READING
အချိန်မီလေး...[ဘာသာပြန်]
Romanceစာရေးသူ : ကွေးဟုန်လော့ရွှယ် အမျိုးအစား : Yaoi/Danmei/BL, Reincarnation, Modern,Sweet,Campus