- Chapter 42 -

2.1K 148 6
                                    

Unicode

‌" ကျွန်တော် အပြင်ခဏလောက် သွားဦးမယ်နော်  "

‌သူ့ရဲ့စာမူတွေ စစ်နေသည့် နှောင်းအား လှမ်းပြောလိုက်မိသည်။ ဆေးရုံက ဆင်းပြီး မကြာခင်မှာပဲ အပြည့်အဝသက်သာလာတဲ့ နှောင်းက အချိန်ရွေ့တာတွေ များနေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ အလုပ်တွေ တန်းစီလုပ်နေတော့တာပါပဲ။ စောရဲ့ စကားကို ကြားတော့ လုပ်လက်စကို ခဏရပ်ရင်း စောကို ကြည့်လာသည်။

" ဘယ်ကိုသွားမလို့လဲ "

" ဒယ်ဒီနဲ့ ကိစ္စလေးရှ်ိလို့ပါ နှောင်းရဲ့ "

တကယ်လဲ ဒယ်ဒီ့ကို သွားတွေ့ပြီး ကိစ္စတွေ ပြီးပြတ်အောင် ရှင်းမလို့ပါပင်။ နှောင်းကိုတော့ ဒီကိစ္စကို လျှို့ဝှက်ထားရသည်။ အလကားနေရင်း စိတ်ပူမှာကို မလိုလားတာကြောင့်ပင်။

" ဂရုစိုက်ဦးနော် မေဘယ်လ်။ တို့စိတ်ထဲ တစ်မျိုးပဲ "

ဖြစ်လာမဲ့ ကိစ္စတွေကို ကြိုခံစားမိနေပုံရတဲ့ နှောင်းက စောရဲ့ လက်ကိုဆုပ်ကိုင်ရင်း ပြောလာသည်။

" ဂရုစိုက်မှာမလို့ စိတ်မပူနဲ့နော် နှောင်း "

စိတ်မပူစေရန် နှောင်းကို ပွေ့ဖက်ကာ ကျောပြင်လေးကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ နောက်တော့ နဖူးလေးအား အနမ်းတစ်ချက် ခြွေလိုက်သည်။ ထိုအနမ်းကို စော ဘယ်သောအခါမှ ပြန်လည်ပေးနိုင်မည်လဲဆိုတာကို မသေချာတော့ပါ။ ဒယ်ဒီနဲ့ သွားတွေ့တဲ့အခါ ထင်မထားတာတွေက ပိုပြီး ဖြစ်လာနိုင်တာမလို့ပင်။ နှောင်းကို နှုတ်ဆက်လိုက်ပြီးနောက် စောရဲ့ ဦးတည်ရာက ဒယ်ဒီရှိနေသည့် ဟိုတယ်ကိုပင်။

ကတ်သရင်းနှင့် ဂျန်နီဖာကိုတော့ စောရှိနေမည့် တည်နေရာကိုသာ အရင်ဆုံးပို့ထားလိုက်သည်။ အခြေအနေမဟန်မှသာ လာခဲ့ဖို့ မှာထားရသည်။ မဟုတ်ရင် လူအများနှင့်လာသည်ဆိုကာ အန္တရာယ်ပြုလာမှာစိုးလို့ပင်။ စော တစ်ယောက်တည်းသွားတာက အန္တရာယ်ပိုများနိုင်တယ်ဆိုပေမယ့် ဆန့်ကျင်ဘက်အနေနဲ့လည်း အန္တရာယ်အကင်းဆုံးဖြစ်လိမ့်မည်။

ဟိုတယ်သို့ ရောက်တဲ့အခါ reception ကောင်တာကို မေးလိုက်ပြီးနောက် အခန်းဆီသို့ တက်သွားလိုက်သည်။ အခန်းတံခါးကို ခေါက်လိုက်တော့ လာဖွင့်သည့်လူဟာ မြတ်သူဖြစ်နေသည်မလို့ အနည်းငယ် စိတ်တိုသွားမိသည်။ ပူးပေါင်းထားတာကို သိပေမယ့်လည်း တကယ်တမ်းကြုံလာတော့ ဒေါသစိတ်က ဖုံးကွယ်မရပေ။

I Got Married With A Girl!!Tahanan ng mga kuwento. Tumuklas ngayon