chapter 21

140 23 0
                                    

Chapter 21
July 12, 2024
🐯Chapter 21

ကုယွီမြန်က သူ့အင်္ကျီလက်များကို ခေါက်တင်လိုက်ပြီး ခါးစည်းကို ၀တ်လိုက်သည်။

"ဒါက အရမ်းရိုးရှင်းပါတယ်... အခုချိန်က ရာသီဥတုလည်း ကောင်းနေတယ်... နောက် တစ်လ နှစ်လလောက်ဆိုရင်တော့ ပူလာနိုင်တယ်.."

နွေဦးရာသီက နေ့ဘက်တွင် ပူလိုက်အေးလိုက်ဖြစ်ပြီး ညဘက်တွင်မူ အနည်းငယ်အေးသည်။ ၎င်းက ဟော့ပေါ့စားပြီး ဝိုင်အနည်းငယ်သောက်ရန် အသင့်တော်ဆုံးအချိန်ဖြစ်သည်။

ကုယွီမြန်က ရေဆေးရန် သင့်လျော်သော အိုးသေးတစ်ခုကိုရွေးကာ ဟော့ပေါ့ထဲသို့ ထောပတ်ထည့်ပြီး မှို၏ ထိပ်ကို ကြက်ခြေခတ်ပုံစံဖြတ်၍ ပြင်ဆင်ထားသည့် ရှီတာကီ(မှို)နှင့် တောင်အော်ရွက်များကို ဆေးကြောသန့်စင်လိုက်ကာ တို့ဟူးကို တစ်ဖက်တွင် အတုံးသေးသေးလေးများ လှီးဖြတ်ထားသည်။ ရှီတာကီ(မှို)ကို လုံးလုံးလျားလျား ပြုပြင်ပြီးဖြစ်သောကြောင့် အစာအဆိပ်သင့်မည်ကိုလည်း စိတ်ပူစရာ မလိုတော့ပေ။

"တို့ဟူးကို ကြော်ဖို့လိုတယ်…"

ကုယွီမြန်က ပြောပြီး တို့ဟူးကို ဒယ်အိုးထဲသို့ထည့်လိုက်သည်။

"အိုးကို ထောပတ်နဲ့ အရင် အပူပေးလိုက်ရင် အရသာပိုကောင်းလာစေတယ်... ဟင်းချိုအောက်ခြေက ဆီ ပိုထွက်လာပြီး အရသာလည်း ပိုရှိလာတယ်..."

တို့ဟူးအပိုင်းအစများက နှစ်ဖက်စလုံးတွင် ရွှေရောင်သန်းလာပြီး သပ်ရပ်သော အရွယ်အစားလည်း ရှိသည်။ ထိုအချိန်တွင် အိုးသေးသေးလေးထဲမှ ထောပတ်က အိုးအောက်ခြေတွင် အရည်ပျော်သွားပြီး အလွန်ဆွဲဆောင်မှုရှိသော အရောင်ကို ဖော်ပြလာသည်။

နှင်းကျားသစ်လေးက အိုးထဲကို ငုံ့ကြည့်လိုက်သည်။ ကုယွီမြန်က သူပြုတ်ကျသွားမည်ကို စိုးရိမ်သောကြောင့် နှင်းကျားသစ်လေးကို သူ့အင်္ကျီထဲသို့ ထည့်လိုက်ပြီး ခေါင်းကိုသာ အပြင်ထုတ်ထားလိုက်သည်။

ကုယွီမြန်က ပြောသည်။

"ကျွန်တော်တ နောက်ထပ်ဟင်းချက်လိုက်ဦးမယ်... အဲ့ဒါက မီဆိုစွပ်ပြုတ် လို့ခေါ်တယ်...”

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now