Chapter 13
July 12, 2024
🐯Chapter 13【ဒီမိချောင်းက မရက်စက်ဘူး: ငါ့ဘဝမှာစားခဲ့ဖူးသမျှထဲ ဒါကအရသာအရှိဆုံးဘဲ…】
【လေပြေအေးလေး:တင်ဆက်သူက လူသားလား... တကယ့်လူသားလား...လိမ်နေတာလား... ငါကဘာလို့ လူသားတစ်ယောက်ကြောင့်ကျေနပ်နေရတာလဲ... ငါကဘဲရူးသွားလာလား… ကမ္ဘာကြီးကဘဲ ရူးသွားတာလား( ;`Д´) 】
【ပန်းရောင်စာအိတ်: မင်းတစ်ယောက်ထဲမဟုတ်ပါဘူး ._. 】
【သမင်လေး:ကောင်းကောင်းစားပါမယ်… ငါကစားဖိုမှူးတစ်ယောက်ဖြစ်နေတာ ဆယ်စုနှစ်တစ်ခုလောက်ရှိနေပြီ... အခုတော့ ငါက အသိအမှတ်ပြုထိုက်တဲ့သူတစ်ယောက်မဟုတ်ဘူးလို့ ထင်နေမိပြီ အား...】
ကုယွီမြန်တိုက်ရိုက်ထုတ်လွှင့်နေသည်မှာ တစ်နာရီကျော်ပြီဖြစ်ပြီး ကြည့်ရှူ့သူအရေအတွက်က ၁သိန်းခွဲအထိရှိနေကာ ဆက်၍မြင့်တက်နေဆဲပင်။ တစ်ယောက်ပြီးတစ်ယောက်ရောက်လာ၍ သူတို့၏မှတ်ချက်တစ်ခုချင်းစီအား ရှင်းလင်းစွာမြင်ရရန် ခက်ခဲလှသည်။ သူတို့တွင် ပြောစရာများစွာရှိနေခဲ့သည်။
ကြည့်ရှုသူ ၁သိန်းခွဲက 'စီးကရက်'၏စံချိန်အား ချိုးသွားခဲ့သည်။
စီးကရက်၏ ပုံမှန်ကြည့်ရှုသူက ပျမ်းမျှအားဖြင့် ၁သိန်းဝန်းကျင်သာရှိသော်လည်း သူ၏အများဆုံး ကြည့်ရှု့သူမှာ ၁သိန်း ၄သောင်းသာဖြစ်သည်။ တူညီသောအချိန်၊ တူညီသောအကြံပြုချက်၊ တူညီသော အစားအစာတိုက်ရိုက်ထုတ်လွှင့်မှုဖြစ်သော်လည်း စီးကရက်၏ကြည့်ရှုသူအရေအတွက်မှာ ၁သိန်းသာရှိသည်။
အဆုံးတွင် ကုယွီမြန်၏တုန့်ပြန်မှုမှာ...
တုန့်ပြန်မှုမရှိ။ -_-
ကြည့်ရှုသူအရေအတွက်များ တိုးလာသောအခါ ကုယွီမြန်၏မျက်လုံးထဲတွင် ကိန်းဂဏန်းများကိုသာမြင်ပြီး ဤအရေအတွက်နှင့် လူ ၁သိန်းခွဲ အား မဆက်စပ်မိချေ။ကုယွီမြန်မှာ တစ်ခဏမျှကြည့်ပြီးနောက် လူတိုင်းအား နှုတ်ဆက်၍ စီစဥ်ထားသည်များကို ဆက်လုပ်ခဲ့သည်။

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...