Chapter 38
July 15, 2024
🐯Chapter 38ကုယွီမြန်က နံရိုးချိုချဉ်များကို ပန်းကန်ပြားပေါ်တွင် ထားကာ နှမ်းဖြူစေ့များနှင့် ပါးပါးလှီးထားသော ကြက်သွန်နီများကို ဖြူးလိုက်သည်။ ဓားကိုကျွမ်းကျင်စွာ အသုံးပြု၍ ဝက်နံရိုးချိုချဉ်၏ပန်းကန်ဘေးတွင် မုန်လာဥနီကို လှီးဖြတ်ကာ နှင်းဆီပန်းပုံသဏ္ဍာန် အလှဆင်လိုက်သည်။
မီးရောင်အောက်ရှိ ကြွပ်ရွနေသောဝက်နံရိုးများက အနီရောင်သလင်းကျောက်တုံးများကဲ့သို့ တောက်ပနေသည်။ သကြားအမှုန်လေးများနှင့် ရောစပ်ထားသော ဆော့စ်အရည်ကလည်း မွှေးကြိုင်လှသည်။ ထို့နောက် အဖြူရောင်ကြွေပန်းကန်ပြားပေါ်တွင် သပ်သပ်ရပ်ရပ်ဖြင့် ချထားလိုက်သည်။ မွှေးပျံ့လွန်းသောရနံ့ကြောင့် သူတို့ ဗိုက်များပင်ဆာလောင်လာသည်ကိုမဆိုထားနှင့် ကြည့်လိုက်ရုံဖြင့် ကြွပ်ရွနေသော ဝက်နံရိုးများ၏အပြင်ဘက်မှ နူးညံ့ပြီး ချိုချိုချဥ်ချဉ်အရသာတို့ကို စိတ်ကူးယဥ်ကြည့်နိုင်သည်။
နှင်းကျားသစ်လေး ကင်မရာမြင်ကွင်းထဲသို့ ဝင်သွားသော်လည်း ဒါရိုက်တာက ဘာမှမပြောသောကြောင့် ကုယွီမြန် ဆက်လုပ်နေလိုက်သည်။ ကုယွီမြန် ပန်းကန်ပြားကို မြှောက်လိုက်ပြီးနောက် နှင်းကျားသစ်လေးက ခေါင်းငုံ့ကာ အနံ့ခံလာသည်။ ထို့နောက် သူ၏စိတ်ကျေနပ်အားရမှုကိုဖော်ပြရန် လူငယ်လေး၏နဖူးပေါ်သို့ သူ့လက်ဖဝါးနှင့် ဖိလိုက်သည်။ ကုယွီမြန်၏ မျက်လုံးများ နူးညံ့ပျော့ပျောင်းသွားပြီး တူတစ်ချောင်းကို ကောက်ယူကာ သူ့အား တစ်လုပ်ကျွေးလိုက်သည်။
"ကလေးလေး ပူသေးတယ် သတိထားဦး… စားပြီးရင် အရိုးကို ထွေးထုတ်ဖို့ မမေ့နဲ့နော်…"
စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် တိုးတိုးတိတ်တိတ် ဆွေးနွေးမှုအဖွဲ့က ရူးသွပ်ဖွယ်စာတိုများကို ပေးပို့လာကြသည်။
[ရုပ်သေးရုပ်ကြောင်က အစေခံမဟုတ်ဘူး (ထောက်ပံ့ရေး): အား အား…]
[လုလုလေး (လက်ထောက်ဓါတ်ပုံဆရာ): သုံးဖက်မြင်ကိရိယာတွေကို ငါမုန်းတယ်… မြင်နေရပြီး အနံ့လည်းရနေပေမယ့် မစားရတဲ့ခံစားချက်ကို မင်းတို့ သိကြလား… ကင်မရာက သူနဲ့ သူ့ပန်းကန်တွေဆီကနေ မီတာတစ်ဝက်လောက်ပဲ ဝေးတယ် TAT]
YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceTitle - I'm Using the Interstellar Live Broadcast to Raise Cubs Description 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသ...