Chapter 42
July 15, 2024
🐯Chapter 42လူသစ်ပြိုင်ပွဲစတင်ပြီး နာရီဝက်အကြာ ခြောက်နာရီခွဲတွင် ကြည့်ရှုသူပရိသတ် ၁သိန်းအထိ ရှိလာခဲ့သည်။
ကြယ်တာရာမြို့တော်တစ်ခုလုံး၏ ဤမျှများပြားသောလူဦးရေဖြင့် တွက်ကြည့်လျှင် အလွန်များပြားပုံမပေါ်သော်လည်း ကုယွီမြန် ယခု တိုက်ရိုက်ထုတ်လွှင့်နေသည်မှာ နာရီဝက်ခန့်သာရှိသေးသည်။
ထုတ်လွှင့်ခြင်းဆိုင်ရာ စည်းမျဉ်းများနှင့် ရင်းနှီးသူတိုင်း မည်သည့်အရာများဖြစ်ပျက်နေသည်ကို သိကြပေသည်။
{ထုတ်လွှင့်မှုမစတင်မီ နာရီဝက်အလိုသည် သာမန်အကြံပြုသူများနှင့် အတုအယောင် အကြံပြုသူများအား စီစစ်ရှာဖွေသည့်ကာလဖြစ်သည် }
ထုတ်လွှင့်မှုမစတင်မီ နာရီဝက်အလိုတွင် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းက စနစ်ထဲသို့ ၀င်ရောက်မည်မဟုတ်သောကြောင့် ၎င်းကို ထည့်သွင်းစဥ်းစားလိမ့်မည်မဟုတ်ပေ။ ယေဘုယျအားဖြင့်ပြောရလျှင် တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းထဲသို့ အချိန်ကိုက်ဝင်ရောက်လေ့ရှိသော ပရိတ်သတ်ဟောင်းများမှလွဲ၍ ဤအချိန်၌ ပရိသတ်များက တဟုန်ထိုးတက်လေ့ရှိပြီး ပရိသတ်အရေအတွက်မှာ နာရီဝက်အတွင်း တည်ငြိမ်သွားတတ်သည်။
လူသစ်တင်ဆက်သူတစ်ဦးအနေဖြင့် ကုယွီမြန်တွင် ယခင်ကရှိသော ပရိသတ်အဟောင်းများက တစ်သိန်းထက် နည်းပေသည်။
အဆိုပါကြော်ငြာ၏ကျော်ကြားမှုနှင့် ကြယ်တာရာကောင်းကင်၏ တရားဝင်လူသိရှင်ကြားထုတ်ပြန်ခြင်းက အမှန်တကယ်ပင် အသုံးဝင်သော်လည်း ၎င်က ယမန်နေ့ညကထက် စွမ်းအားကြီးနိုင်လိမ့်မည်မဟုတ်ပေ။ ထို့အပြင် နာရီဝက်သာ ရှိသေးသည်။ လူအတော်များများက ကုယွီမြန် တိုက်ရိုက်ထုတ်လွှင့်နေကြောင်း မသိခဲ့ကြပေ။
တာ့ခ်ဂြိုဟ်ပေါ်တွင် ခီရီက သူမလက်ချောင်းများဖြင့် ဒေတာကို ရေတွက်နေခဲ့သည်။
"ပရိသတ် ၁၀၀,၀၀၀ ထဲက ၈၀,၀၀၀ လောက်က မြို့တော်ကနေရလာတဲ့ ပရိသတ်အသစ်တွေပဲ… ဒီအရှိန်နဲ့ဆိုရင် တစ်နာရီအတွင်း ပရိသတ်တစ်သန်းကျော်ဖို့တောင် ပြဿနာရှိမှာမဟုတ်ဘူး…"

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...