chapter 19

154 25 0
                                    

Chapter 19
July 12, 2024
🐯Chapter 19

ရှည်လျားပြီး ဖရိုဖရဲဖြစ်နေသော အိပ်မက်အဆုံးတွင် ကုယွီမြန်၏ဝိညာဥ်မှာ ကောင်းကင်မှ တဖြည်းဖြည်းနိမ့်လာပြီး ပွေ့ဖက်မှုတစ်ခုထဲသို့ ကျရောက်သွားသည်။

သစ်ကတိုးနံ့က သူ့နှာခေါင်းထိပ်တွင် ရစ်ဝဲလာသည်။ ၎င်းက နွေးထွေးသော ပွေ့ဖက်မှုတစ်ခုမဟုတ်ဘဲ တောင့်တင်း၍ အတွေ့အကြုံမရှိသော ပွေ့ဖက်မှု ဖြစ်နေခဲ့သည်။

သို့သော် ၎င်းကပင် လုံလောက်နေခဲ့သည်။

ရှည်လျားသောမှတ်ဥာဏ်နှင့် ကူရာကယ်ရာမဲ့မှုက ရုတ်တရက် ပျောက်ကွယ်သွားသည်။

"ကုယွီမြန်..."

တစ်စုံတစ်ယောက်က သူ့နာမည်အား တီးတိုးခေါ်နေခဲ့သည်။

"ကုယွီမြန်..."

သူ၏နားထဲရှိ ဆူညံသံများအားလုံး ရပ်တန့်သွားသည်။

သူ၏နှလုံးသားထဲရှိကြိုးများက လေဖြင့်လွင့်သွားပြီး သူ၏လက်မောင်းထဲသို့ ကြယ်များကြွေကျလာခဲ့သည်။

သူ ကောင်းမွန်သော အိပ်မက်တစ်ခုမက်ခဲ့သည်။

-----

နောက်တစ်နေ့၌…

ကုယွီမြန်မှာ လက်ပတ်ကွန်ပျုတာမှ အသံကြောင့် နိုးလာသည်။

နိုးလာသောအခါ မိန်းမောတွေဝေနေပြီး အိပ်မက်ထဲတွင် နစ်မြုပ်နေခဲ့သည်။ အိပ်မက်ထဲတွင် မြင်ခဲ့သည့် သူသေဆုံးပြီးနောက် ဖြစ်ပျက်ခဲ့သော အရာများမှာ အစစ်အမှန်လော  အိပ်မက်တစ်ခုလော သူ မသိချေ။

နွေဦးမနက်ခင်းအစောပိုင်း နေရောင်က ကောင်းမွန်ပြီး ပြင်သစ်ပြတင်းပေါက်များရှေ့ရှိ အဖြူရောင်လိုက်ကာမှာ လေနှင့်အတူ လွင့်နေသည်။ နှင်းကျားသစ်လေးက သူ့ရင်ဘက်ပေါ်တွင် အသိုက်ဖွဲ့ပြီး အိပ်ပျော်နေသည်။ သူ၏ရှည်လျားသောအမြီးမှာ ကုယွီမြန်၏ လက်ကောက်ဝတ်အား ပတ်ထားသည်။

လက်ပတ်ကွန်ပျူတာမှ ဆက်တိုက်အသံမြည်နေခဲ့ပြီး တစ်စုံတစ်ယောက်မှာ သူ့အားခေါ်နေသည်။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now