chapter 43

145 16 0
                                    

Chapter 43
July 15, 2024
🐯Chapter 43

သေးငယ်​သောဘရပ်ရှ်လေးကို ကိုင်ထားသည့် လူငယ်လေး၏လက်က လူတစ်​ယောက်၏စိတ်ကို ငြိမ်းချမ်းစေ​ပေသည်။ နူးညံ့သောဘရပ်ရှ်​လေးက အရေပြားကိုဖြတ်သန်းတိုက်ခတ်သွားသော ​လွတ်လပ်​ပေါ့ပါး​သော​လေညှင်း​လေးတစ်ခုကဲ့သို့ပင် ခံစားရသည်။

ယခုအချိန်တွင် ကြည့်ရှုသူပရိသတ်ဦး​ရေသည် ၇၀၀,၀၀၀ သို့ရောက်ရှိလာသော်လည်း လူအများကြီးဖြစ်​နေလျှင်​ပင် ဆူညံခြင်းမရှိပေ။

လူတိုင်း တိတ်ဆိတ်နေခဲ့သည်။

အသက်ရှူသံနှင့် နှလုံးခုန်သံတို့က မီးရှူးမီးပန်းသံများနှင့် ဤလောက၏ညသံများတွင် နစ်မြုပ်သွားခဲ့သည်။ အစာစားပြီးနောက် စိတ်ကျေနပ်မှုနှင့် ငိုက်မျည်းခြင်းတို့က အာရုံကြော၏​နောက်ဆုံးရလဒ်အဖြစ် ထိုးတက်လာကာ အသံများစွာကို နားထဲတွင် မထင်မရှားကြားနေရကာ တစ်သံပြီးတစ်သံ ​ပျောက်ကွယ်သွားပြီး​နောက် ​နောက်ဆုံးတွင် သက်​တောင့်သက်သာရှိ​သော တိတ်ဆိတ်ငြိမ်သက်မှု တစ်ခုတည်းသာ ကျန်ရှိခဲ့​လေသည်။

၎င်းက ကြည့်ရှုသူပရိသတ်၏အမြင်တွင် မြင်ရသည့်မြင်ကွင်းတစ်ခုဖြစ်ပြီး နောက်တစ်ခုက သကြားခဲ သကြားခဲနှင့် ခီရီတို့ကဲ့သို့ ပညာရှင်များ၏အမြင်ပင်ဖြစ်သည်။

"ပရိသတ်လူအုပ်ကို ထိန်းချုပ်ထားနိုင်ပြီး စည်းချက်ကို ကျွမ်းကျင်အောင် လုပ်နိုင်တာ အရမ်းကောင်းတယ်…"

ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုများအပြင် ၎င်းသည်လည်း လျှို့ဝှက်စွမ်းရည်များစွာရှိသည့် တင်ဆက်သူတစ်​ယောက်ဖြစ်ရန် မရှိမဖြစ်လိုအပ်​သည့် ကျွမ်းကျင်မှုတစ်ရပ်​ပေ။ ဥပမာအားဖြင့် ထိန်းချုပ်မှုနှင့် အစရှိသကဲ့သို့သော အခက်အခဲအကြပ်အတည်းများကို စီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်မှုရှိခြင်းတို့ပင်ဖြစ်သည်။

ကုယွီမြန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက တိုးတက်မှုနှေးကွေးပြီး အကြောင်းအရာက ရှုပ်ထွေးမနေဘဲ ချက်ပြုတ်ခြင်း၊ စားသောက်ခြင်းနှင့် စကားစမြည်ပြောခြင်းမျှသာဖြစ်သည်။ သို့​သော် အမှန်တွင်မူ အစပိုင်းရှိ တုန်းဖိုဝက်သားဟင်းက အထွတ်အထိပ်လေးတစ်ခုဆီသို့ ဆွဲဆောင်နိုင်ခဲ့​ပေသည်။ ထိုအချိန်၌ ကြည့်ရှုသူပရိသတ်များ၏ ​ဝေဖန်ချက်များက အရှိန်အဟုန်ဖြင့် ကြီးထွားလာကာ ပရိသတ်များ၏ ခံစားချက်က အလွန်နွေးထွေးလှ​ပေ၏။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now