Chapter 29
July 12, 2024
🐯Chapter 29၎င်းက သာမန်လူတန်းစားနယ်မြေတွင် လူအရှုပ်ဆုံးနေရာဖြစ်သည်။ လေပေါ်ဝဲထိုင်ခုံပေါ်မှတစ်ဆင့် ပိတ်ရက်မှာပင် စီးပွားရေးနယ်မြေထဲရှိ သွားလာနေသောလူများကိုမြင်နိုင်သည်။ လမ်းမပေါ်ရှိအရာရာတိုင်းက ကုယွီမြန်၏
မျက်လုံးထဲတွင် အနက်ရောင်နည်းပညာများဖြစ်နေသည်။သို့ဖြစ်စေကာမူ ကြီးမားသောလူစုလူဝေးက ပရမ်းပတာဖြစ်မနေဘဲ စနစ်တကျသွားလာလှုပ်ရှားနေကြသည်။
ကုယွီမြန် စိတ်ဝင်စားမှုအပြည့်ဖြင့် ငုံ့ကြည့်နေဆဲပင်။ နှင်းကျားသစ်လေးမှာ ပျင်းရိစွာတစ်ချက်ကြည့်လိုက်ပြီး ကုယွီမြန်၏ရင်ခွင်ထဲသို့ ပြန်ဝင်၍အသိုက်ဖွဲ့ကာ မျက်လုံးများမှိတ်လိုက်သည်။ သူ၏ရှည်လျားသောအမြှီးမှာ လူငယ်လေး၏လက်ကောက်ဝတ်ကိုပတ်ကာ သူ့ဘေးမှထွက်သွားမည်ကို တားဆီးထားသည်။
ဤနေရာက သူ၏အုပ်ချုပ်မှုအောက်တွင် ရှိနေသော်လည်း ကြယ်တာရာမြို့တော်အား သူ မနှစ်သက်ပေ။ မည်သည့်မြို့တော်ဖြစ်ပါစေ သူ့အတွက် အရေးမကြီးချေ။
သူတို့က အထက်တန်းလွှာနယ်မြေထဲရှိ စွမ်းရည်နိုးထရာတွင်အခက်အခဲဖြစ်နေသော ကလေးများကိုအထူးထိန်းကြောင်းပေးသည့် အကောင်းဆုံးမူကြိုကျောင်းသို့ သွားကြသည်။ ထိုကျောင်းက များပြားသောအောင်မြင်မှုများလည်း ရရှိခဲ့သည်။ အစပိုင်းတွင် ကုယွီမြန်က ရွှယ်ထွမ်အား ပျော်ရွှင်စေချင်သည်။ သို့သော် ရေရှည်တွင်သူ၏သက်တမ်းမှာ ရွှယ်ထွမ်လေး၏ဘဝတစ်လျှောက်အတူတူရှိနေနိုင်မည် မဟုတ်ချေ။ ထို့ကြောင့်အနည်းဆုံး သူက စွမ်းရည်နိုးထကာ ကိုယ်တိုင်ရပ်တည်နိုင်ရပေလိမ့်မည်။
အမှန်တကယ်တွင် အထက်တန်းလွှာနယ်မြေ၏
အချက်အချာကျသောနေရာတွင် ပို၍တိုးတက်သော လေ့ကျင့်ရေး အတိုင်းအတာများရှိသော်လည်း ကုယွီမြန်က အထက်တန်းလွှာနယ်မြေ၏ အချက်အချာကျသောနေရာသို့ ဝင်ရောက်ခွင့်မရှိချေ။
YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceTitle - I'm Using the Interstellar Live Broadcast to Raise Cubs Description 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသ...