Chapter 37
July 15, 2024
🐯Chapter 37ကောင်မလေးက အံ့ဩသွားရသည်။
လူကြီးလူကောင်းလား... မစ္စတာဖန်းနစ်ခ်နဲ့တူတဲ့ နေကာမျက်မှန်တပ်ထားတဲ့သူများလား...
သူမ ခေါင်းညိတ်ပြလိုက်သည်။
"အခုလေးတင် ထွက်သွားတာပါ…"
"အာ ကျေးဇူးတင်ပါတယ်…"
ကုယွီမြန် ခေါင်းညိတ်လိုက်ပြီး ကလေးများကို ဓာတ်လှေကားဆီ ပြန်ခေါ်သွားလိုက်သည်။ သူ သက်ပြင်းမချဘဲမနေနိုင်ပေ။ သူ ရှို့ဟန်ကို မျက်နှာချင်းဆိုင် ကျေးဇူးတင်စကား ပြောချင်မိသည်။
သူ တကယ်ကြီး စိတ်ဆိုးသွားတာ ဖြစ်နိုင်လား...
ဆယ့်သုံးထပ်ကို ပြန်ရောက်သောအခါ ဒါရိုက်တာက ရောက်နှင့်နေပြီးဖြစ်သည်။ ဒါရိုက်တာ၏အသွင်အပြင်က လှိုင်းတွန့်ကြီးများသဏ္ဍာန် ဆံပင်ကောက်ကောက်နှင့် နီရဲတောက်နေသောနှုတ်ခမ်းများရှိသော ရင့်ကျက်သည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမ ပြောနေကြသည့်အတိုင်း ဒဏ္ဍာရီလည်းမဆန်သလို ဇီဇာကြောင်ပြီး ယုတ်မာမည့်ပုံမပေါ်သော်လည်း ကုယွီမြန်ကို ကြည့်လာသည့် သူမ၏အကြည့်များက ဖော်ရွေသည့်ပုံမပေါ်ပေ။
"ကုယွီမြန်…"
သူမသည် ကုယွီမြန်၏ အချက်အလက်များကို စိတ်ထဲမှ ပြန်တွေးလိုက်သည်။
"မင်းက လူသားတင်ဆက်သူတစ်ယောက်မလား… ကလေးတွေရှိတဲ့ တစ်ကိုယ်တည်းသမားလည်း ဟုတ်တယ် ဒီလိုမျိုး အားနည်းစေတဲ့အရာတွေပဲ… မရိုက်ကူးခင်မှာ ငါက မင်းအတွက် မီးစိမ်းပြမှာ မဟုတ်ဘူးလို့ ငါပြောချင်တယ်… မင်းက အားနည်းတဲ့လူဟုတ်လား၊ မဟုတ်ဘူးလားဆိုတာက ကိစ္စမရှိဘူး… မင်း အွန်လိုင်းမှာ နာမည်ကြီးလား၊ မကြီးဘူးလားဆိုတာလည်း ငါဂရုမစိုက်ဘူး… ငါမျှော်မှန်းထားတာတွေနဲ့ အရည်အချင်းမပြည့်မီဘူးဆိုရင် မင်းထွက်သွားနိုင်တယ်…"
ကုယွီမြန် "....."
အနီးနားရှိဝန်ထမ်းများက ချက်ချင်းပင် စိတ်ထိခိုက်ခြင်းနှင့်အတူ ကိုယ်ချင်းစာသော မျက်လုံးများဖြင့် ချက်ချင်း ကြည့်လာပြီး အချို့က ပြဇာတ်ကောင်းတစ်ပုဒ်ကို ကြည့်နေသလိုမျိုး ကြည့်နေကြသည်။

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...