Chapter 22
July 12, 2024
🐯Chapter 22[ကြောင်လေးရဲ့အော်သံ : အရမ်းအရသာရှိတယ်... ငါ မြန်မြန် လုပ်တဲ့ ဟင်းတိုင်းကို ကြိုက်တယ်... ငါ့ဘဝရဲ့ နောက်ဆုံးဟင်းပွဲကို အဲ့ဒီထဲက တစ်ခုပဲဖြစ်စေချင်တယ်...]
[အလှကုန်တွေကို လွှင့်ပစ်မယ် - အရသာရှိလိုက်တာ.. စကားမစပ်၊ မင်းဘယ်တော့သီချင်းဆိုမှာလဲ မြန်မြန်... ငါ သီချင်းတောင်းနေတာပါ...]
အချိုပွဲက အံ့မခန်းဖြစ်၍ တစ်ချိန်တည်းမှာပင် လက်ဆောင်မျိုးစုံ တစ်ပြိုင်နက် ပို့ပေးလာကြသည်။ ထုတ်လွှင့်မှုအစတည်းက ကုယွီမြန်၏ တိုက်ရိုက်ထုတ်လွှင့်မှု စတူဒီယို၏ ရေပန်းစားမှုက မြင့်တက်လာပြီး ကျဆင်းသွားခြင်းမရှိဘဲ ရှို့ရှီဟော့ပေါ့ စားသောအခါတွင် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ ယခုအချိန်တွင် ကြည့်ရှုသူဦးရေ မြင့်တက်လာဆဲဖြစ်ပြီး ယမန်နေ့ကကဲ့သို့ပင် ၎င်းက ထိုနေ့၏ လူကြိုက်များသည့် စာရင်းတွင် ထိပ်ဆုံး (၃) ခုသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။ ကောင်းကင်ကြီးက လုံးဝမှောင်သွားကာ လကလည်း ကမ္ဘာမြေကြီးပေါ်သို့ ထွန်းလင်းပေးနေပြီး လှိုင်းလုံးသံများက အဝေးမှ တိုးတိုးလေး ညှင်သာစွာမြည်တမ်းနေသည်။
“အာ... သီချင်းတစ်ပုဒ်ပါပဲ... ကျွန်တော် မနေ့က ထွမ်ထွမ် နဲ့ လူတိုင်းကို ကတိပေးခဲ့တယ်နော်…"
ကုယွီမြန်က သူ့ခေါင်းကို နှင်းကျားသစ်လေး၏ကုပ်ပိုးနှင့် ပွတ်သပ်ရင်း တိုးတိုးလေးပြောလိုက်သည်။
“မင်း ဘာနားထောင်ချင်လဲ,”
နှင်းကျားသစ်လေးက ၎င်းကို သေချာစဉ်းစားနေသည်။ သူ၏ လေးနက်ပြီး ရှုပ်ထွေးနေသောအမူအရာက ကုယွီမြန်ကို ရယ်မောလုနီးပါး ဖြစ်သွားစေသည်။ သူက လက်လှမ်းကာ နှင်းကျားသစ်လေး၏ မေးစေ့၊ လည်ပင်းနှင့် နောက်ကျောကို ပွတ်သပ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် စဉ်းစားလိုက်... ငါတို့ရဲ့ထွမ်ထွမ်လေး ပျော်နေသရွေ့ပေါ့…"
နှင်းကျားသစ်လေး၏ မသိစိတ်က ကုယွီမြန်၏ လက်ဖဝါးကို ခေါင်းဖြင့်တွေးဝှေ့နေမိပြီး မျက်လုံးမှိတ်ထားသည်။
YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceTitle - I'm Using the Interstellar Live Broadcast to Raise Cubs Description 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသ...