Chapter 30
July 12, 2024
🐯Chapter 30လေထုမှာ ငြိမ်သက်နေခဲ့သည်။
လက်တစ်ဖက်မှ နက်ကတိုင်အားကိုင်ထားသော အမျိုးသားက ထိုင်ခုံပေါ်တွင်လျော့ရဲရဲမှီကာ သူ၏
စစ်ဖိနပ်နှင့်ဘယ်ခြေကို စားပွဲအစွန်းပေါ်တင်ထားလျက် ကုယွီမြန်အား စိုက်ကြည့်နေခဲ့သည်။ အင်တာနက်ပေါ်မှ စကားဖြင့်ဆိုရလျှင် ဤကိုယ်ဟန်အနေအထားက ထူးခြား၍ သာမန်လူများ အတုမယူနိုင်ပေ။ ရုတ်တရက်
ကြည့်လိုက်လျှင် ဂန်းစတားတစ်ယောက်နှင့်ပင်တူသည်။
သို့သော် ထိုသူက မဂ္ဂဇင်းအဖုံးအတွက် ပိုစ့်ပေးနေသကဲ့သို့ပင်။
သူက အသက်နှစ်ဆယ်ကျော်ရုံမျှထင်ရသည်။ သူ့အသားအရည်မှာ အေးစက်ဖြူဖွေးနေပြီး နှာတံမှာဖြောင့်ဆင်း၍ နှုတ်ခမ်းပါးများကို ခပ်တင်းတင်း ဖိထားသည်။ သူ၏ချောမောလှပသော မျက်ခုံးများကြားရှိ မျက်လုံးထဲတွင်
စိတ်မရှည်မှုများထင်ဟပ်နေသည်။ သူက ကမ္ဘာကြီး၏ ဆွဲဆောင်မှုများထက် ကျော်လွန်နေသော ကျောက်စိမ်းရုပ်ထုကဲ့သို့ပင်။
ကုယွီမြန်မှာ ထိုကဲ့သို့ အင်အားကြီးလှသူအား မမြင်ဖူးခဲ့ပေ။
သူ့တွင် အလွန်တင်းမာခက်ထန်သော အမူအရာမျိုးရှိကာ မြင့်မားသောနေရာတွင်နှစ်ပေါင်းများစွာ ရှိနေခဲ့ရ၍ အရာအားလုံးအပေါ်တွင်အထင်သေးနေသလိုပင်။
ခဲပြာရောင်မျက်လုံးများနှင့် ထိုအမျိုးသားက ကုယွီမြန်အား မျက်လုံးများကျဥ်းမြောင်း၍ ကြည့်လိုက်သည်။
ကုယွီမြန် :"...."
ထိုတစ်ခဏတွင် ၎င်းမျက်လုံးများမှ ရင်းနှီးသည့်ခံစားချက်အားပေးစွမ်းနေပြီး ၎င်းတို့အား နေ့နေ့ညည ကြည့်နေဖူးသည်ဟု ခံစားရသည်။ ကုယွီမြန်၏ရင်ထဲတွင် သံသယဝင်သွားသော်လည်း မဖြစ်နိုင်ဟုထင်မိပြန်သည်။
ပထမဆုံး ရွှယ်ထွမ်က စွမ်းရည်မနိုးထသေးဟု အဖြေထွက်ခဲ့ပြီး လူတိုင်းပေါင်း၍ မညာသရွေ့ ၎င်းအား သက်သေပြနိုင်သည်။ ဒုတိယအနေနှင့် ရွှယ်ထွမ်က ခပ်ဆိုးဆိုးစိတ်နေစိတ်ထားနှင့် ပုန်ကန်ထကြွတတ်သည့်ကလေးဖြစ်သည်။
YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceTitle - I'm Using the Interstellar Live Broadcast to Raise Cubs Description 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသ...