chapter 41

153 18 0
                                    

Chapter 41
July 15, 2024
🐯Chapter 41

ညနေ ခြောက်နာရီထိုးပြီဖြစ်၏။ လူသစ်ပြိုင်ပွဲဧရိယာကို အချိန်မီဖွင့်လှစ်ခဲ့ပြီး ပထမအ​ကျော့၏ လူကြိုက်များမှု​ရေတွက်ခြင်းကို တရားဝင် စတင်ခဲ့သည်။

အသစ်တင်ဆက်သူအများစုကဲ့သို့ပင် ကုယွီမြန်က ၆ နာရီထိုးသည်နှင့် သူ၏တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ခဲ့သည်။ ထုံးစံအတိုင်း သူက ပန်ဒါလေး၏ရှုထောင့်မြင်ကွင်းကို ရွေးချယ်ပြီး ပန်ဒါလေးအတွက် သီးသန့်ကာကွယ်မှုပုံစံများကို ဖွင့်ကာ ပရိသတ်များကို နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ ကျွန်တော့်နာမည်က ကုယွီမြန်ပါ… ဒီနေ့ညစာအတွက် တုန်းဖိုဝက်သားဟင်းကို ချက်ပါမယ်… အချိုပွဲက​တော့ ဒိန်ချဉ်ရေခဲမုန့်ပါ… အဲဒါပြီးရင် ရွှယ်ထွမ်နဲ့ ထန်ယွမ်တို့ရဲ့ အမွေးတွေကို ကူပြီးဖြီး​ပေးရမယ်… ပြီးရင် ကလေးများနေ့ကို အတူဆင်နွှဲကြပါမယ်…"

ကြယ်တာရာမြို့​တော်သို့ရောက်ပြီး လဝက်ကျော်အကြာတွင် ကုယွီမြန်က ပုံမှန်ပရိသတ်တစ်အုပ်စုကို အခိုင်အမာစုဆောင်းထားပြီးဖြစ်သည်။ မီးဖိုချောင်သုံးစနစ် ကြော်ငြာအသုံးပြုပြီးနောက် ယမန်​နေ့က ​ကြော်ငြာမှုနှင့် စဉ်ဆက်မပြတ် လှုံ့​ဆော်မှု၏ ရေပန်းစားလာမှုနှင့်အတူ သူ၏တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီးနှစ်မိနစ်အတွင်း မကြာမီမှာပင် ပရိသတ် ၃၀,၀၀၀အထိ ဝင်​ရောက်ကြည့်ရှုလာခဲ့သည်။

ကြည့်ရှုသူဦးရေတိုးလာခြင်းနှင့် ရင်းနှီးသော ID အများအပြားကို ကြည့်ရှုနေရင်း ကုယွီမြန် သူ့မျက်လုံးများ ကွေးညွှတ်မသွားဘဲ မ​နေနိုင်​တော့​ပေ။

[တရုတ်ပြည်​တောင်ဘက်ကကျားက ဘယ်​တော့မှချိန်းမ​တွေ့ဘူး: ဒီမှာပဲ… မြန်မြန်အတွက် မီးရှူးမီးပန်းနှစ်ခု ပစ်​ဖောက်ပြီး လူသစ်ပြိုင်ပွဲမှာ ချောမွေ့တဲ့ခရီးလမ်းကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်း​ပေးပါတယ်…]

[မိုင်းတွင်းထဲမှာ မိသားစုတစ်စုရှိတယ်: ဒီနေ့ ငါတို့ ဘာစားပြီး ဘာကိုဆော့ကြဦးမလဲ… အရမ်း အရမ်းစိတ်လှုပ်ရှား​နေတာ​ကြောင့် လက်​တွေ​ကို အရင်​ဆေးထားလိုက်ပြီ…]

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now