Chapter 36
July 14, 2024
🐯Chapter 36ဗီဒီယိုကို သကြားခဲ သကြားခဲဆီ ပေးပို့ပြီးနောက် ကုယွီမြန်က ကြော်ငြာအတွက် စတင်ပြင်ဆင်ခဲ့သည်။ ယနေ့က သောကြာနေ့ဖြစ်ပြီး နေ့လည် လေးနာရီ ထိုးပြီဖြစ်သည်။
"နေရာက နယ်မြေ C မှာရှိတဲ့ ဂလက်ဆီမျှော်စင်ပဲ..."
ကုယွီမြန်က နို့ဗူး၊ ရေနွေးပုလင်းနှင့် အခြားအရာများပါသည့် အိတ်သေးသေးလေးကို ထုပ်ပိုးကာ ပန်ဒါပေါက်လေးကို သူ့ရင်ခွင်ထဲ၌ ပွေ့ချီလိုက်သည်။
"ယွမ်ယွမ် မင်း ဒီနေ့ ငါနဲ့အတူ အပြင်ထွက်ရမယ်… ငါ ခဏလောက် အလုပ်ကြိုးကြိုးစားစားလုပ်ဖို့ လိုလိမ့်မယ်…"
နှင်းကျားသစ်လေးကို ကျောင်းပို့လိုက်သည့်အချိန်က တစ်နာရီပင် မပြည့်သေးသည့်အတွက် ကုယွီမြန်က ထန်ယွမ်လေးကို အိမ်တွင် တစ်ယောက်တည်း မထားခဲ့ရဲပေ။ သို့သော် ဤအကြိမ်တွင် အနည်းဆုံး သူ နာရီပေါင်းများစွာ ထွက်သွားရမည်ဖြစ်သောကြောင့် ကုယွီမြန် ၎င်းကို စဉ်းစားပြီး ပန်ဒါလေးကို သူနှင့်အတူ ခေါ်လာခဲ့သည်။
"အီ"
ပန်ဒါပေါက်လေးက နို့ဘူးကိုကိုင်ကာ အိပ်ချင်မူးတူးဖြင့် စို့နေသည်။ ကုယွီမြန် သူ့ကို ကောက်ချီလိုက်ပြီးနောက် သူက ကုယွီမြန်၏ပါးပြင်ကို သူ့ခေါင်းလုံးလုံးလေးဖြင့် ပျော်ရွှင်စွာ ပွတ်သပ်လာသည်။ ကုယွီမြန် ပြောသည်ကို သူ နားမလည်သည်မှာ သေချာပေသည်။
"အတန်းပြီးရင် ရွှယ်ထွမ်ကို ဂလက်ဆီမျှော်စင်ဆီ ပို့ပေးဖို့ ကျောင်းကိုပြောလိုက်ပါ… အိမ်မှာ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး…"
နှင်းကျားသစ်လေး ကျောင်းစတက်သည့် တစ်ပတ်ကျော်ကတည်းက ကုယွီမြန် နှင်းကျားသစ်လေးကို နေ့တိုင်းလူကိုယ်တိုင် သွားကြိုရန်အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း ရံဖန်ရံခါတွင် ကျောင်းကို အကူအညီတောင်းရတတ်သည်။ မြင့်မားသောစာသင်ကြေးများတွင် သယ်ယူပို့ဆောင်ရေးအတွက်လည်း ပါ၀င်သောကြောင့် ပြဿနာမရှိပေ။
အရာအားလုံးအဆင်သင့်ဖြစ်သောအခါ ကုယွီမြန် ပန်ဒါလေးနှင့်အတူ ထွက်လာခဲ့သည်။

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...