Chapter 34
July 14, 2024
🐯Chapter 34ကုယွီမြန်က ဖရဲသီးကို အစိတ်သေးသေးလေးများ မစိတ်ဘဲ ဇွန်းနှစ်ချောင်း ယူလိုက်သည်။ သူက နှင်းကျားသစ်လေးနှင့် ထန်ယွမ်လေးကို ဖရဲသီးတစ်ဝက်အား မျှလိုက်သည်။ သူက အချိုဆုံးအပိုင်းကို ကလေးများကို ဦးစွာကျွေးလိုက်သည်။
"ဖရဲသီးကို ဇွန်းနဲ့စားတဲ့အခါ အလေအလွင့်မရှိတော့ဘူး... ဘယ်လိုလဲ အရသာရှိလား...
ကုယွီမြန် ပြောလိုက်သည်။
[ကူးကျီ:အဲဒါက အရမ်းအရသာရှိလိမ့်မယ့်လို့ မထင်ခဲ့ဘူး အရမ်းကိုအရသာရှိတယ်...]
[ဂျူနီယာ ဘီ : တင်ဆက်သူကဘာလဲ... ငါအရင်က ဖရဲသီးမစားဖူးဘူး... ငါသူ့လက်ကိုဘယ်လိုလုပ်ပြီး ရေစိုခိုင်းဝံ့မှာလဲ...အရမ်းအရသာရှိတယ် ဒူးထောက်နေပါပြီ...]
[တိမ်လေးတစ်ခုရှိတယ်: ဖရဲသီးကအရည်ရွှမ်းပြီး ချိုတယ်... ဒါပေမယ့် မအီဘူး... တကယ်ကို အရသာရှိတယ်...]
[အမျိုးသမီး ကြယ်ပွင့် : အရမ်းအရသာရှိတယ် တင်ဆက်သူရေ… မင်းဖို့ မီးရှူးမီးပန်း၂ခုပို့လိုက်ပြီ...]
ရေခဲတောင်မှ အရည်ပျော်လာသော ရေထဲတွင် ထားလိုက်သောအခါ ဖရဲသီးအပူချိန်က အနေတော်ဖြစ်သွားသည်။ အအေးဓာတ်က သွားနှင့်အစာအိမ်ကို မထိခိုက်စေဘဲ၊
နွေရာသီ၏အပူကို သက်သာစေကာ ဖရဲသီးအရသာကို ပေါ်လွင်စေသည်။ ကုယွီမြန် ဂရုတစိုက်ရွေးလာသည့် ဖရဲသီးအရသာမှာ ချိုမြသည်။ ၎င်းက အေးမြ အရည်ရွှမ်းပြီး ချိုကာ အလွန်လန်းဆန်းစေသည်။ ဤကဲ့သို့ အနည်းငယ်ပူသည့်နွေရာသီညတွင် ပုစဥ်းရင်ကွဲသံများဖြင့် ရေခဲတောင်မှအရည်ပျော်လာသောရေထဲတွင် စိမ်ထားသည့် ရေခဲသကြားဖရဲသီးကို စားရခြင်းမှာ အံ့အားသင့်စရာကောင်းသည်။
နှင်းကျားသစ်လေးက ခေါင်းညိတ်ရုံညိတ်လိုက်ပြီး ပန်ဒါလေးမှာမူ သူ၏ဗိုက်ဖြူဖြူလေးအားပွတ်၍ အရသာရှိကြောင်း ပြသရန် ပျော်ရွှင်သောအသံလေးများလုပ်နေသည်။

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...