chapter 18

162 25 0
                                    

Chapter 18
July 12, 2024
🐯Chapter 18

​ကောအာရှစ်စစ်၏ မိဘများထံသို့​​ခေါ်​သော ဗီဒီယို​​ကောက မကြာမီတွင် ချိတ်ဆက်မိသွားသည်။

အလင်းမျက်နှာပြင်တွင် ​ကောအာရှစ်စစ်နှင့်တူသည့် ခပ်ဝဝပန်ဒါနှစ်​ကောင်ရှိ​နေသည်။

ဘယ်ဘက်မှပန်ဒါက ​​နေကာမျက်မှန်နှင့် ပန်းပွင့်လည်စည်းအား ဝတ်ဆင်ထားသည်။ သူက ​မေ​မေ​ကောမူဖြစ်သည်။

ညာဘက်ရှိပန်ဒါက ​နေကာဦးထုပ်နှင့် ကမ်း​ခြေ​ဘောင်းဘီအားဝတ်ဆင်ထားသည်။ သူက ​ကောအာရှစ်စစ်၏အ​ဖေ ​ကောအာရှစ် (​ဒယ်အိုး၂၀)ဖြစ်သည်။

နှစ်​ပေါင်းများစွာကြာပြီး​နောက် ​ကောမိသားစုက ကြီးမား​သောအဖွဲ့အစည်းဖြစ်လာခဲ့၍ ​ကောမူနှင့် ​ကောအာရှစ်တို့က ​သွေးသားမ​​​​တော်​စပ်ကြပေ။

[T/N  အရင်ကတော့ အကောင်ရေနည်းလို့ သွေးသားတူအချင်းချင်းယူကြပေမယ့် နှစ်ပေါင်းများစွာကြာပြီဆိုတော့ အကောင်ရေတွေ တိုးလာပြီမို့ သူတို့လင်မယားနှစ်ယောက်က သွေးသားရင်းမဟုတ်တော့ပါဘူးလို့ ဆိုလိုချင်တာမျိုးထင်ပါတယ် ၊ စကားမစပ် သုံးကောင်လုံးကို ဖက်ချင်လိုက်တာ မျက်စိထဲမြင်ယောင်မိနေပြီ ဝဝလုံးလုံးနဲ့အူယားစရာလေးတွေနေမှာ (*>∇<)ノ ]

​ကောအာရှစ်ရ ​နေ​ရောင်ကာထီး​အောက်တွင် အိပ်ချင်မူးတူးဖြင့် သူ့ဗိုက်ဖြူဖြူကို ကုတ်​နေသည်။

"ဝူး... မင်းအ​ဖေနဲ့ငါက ​ရှေး​ဟောင်းကမ္ဘာ​ပေါ်က ဟာဝိုင်ရီကျွန်း​​ပေါ်မှာ အပန်း​ဖြေခရီးထွက်​နေတာ..."

​ကောမူက သူ့လက်ထဲရှိမှန်ကို ကြည့်​နေသည်။

"ငါတို့ကို ဘာလို့ ထပ်​ခေါ်ပြန်တာတုန်း... မ​နေ့ကမှ​ စကားပြောပြီးတာ မဟုတ်ဘူးလား..."

သူမ ခဏရပ်သွားပြီး မိခင်တစ်​ယောက်၏ အလိုလိုသိစိတ်ဖြင့် နားလည်သ​ဘော​ပေါက်သွားသည်။

"က​လေး​လေး... ဘိုးဘွားပိုင်စီးပွား​ရေးက အဆင်​ပြေရဲ့လား..."

​ရှေး​​ဟောင်းကမ္ဘာ​ပေါ်တွင် ​လေးလကြာအပန်း​ဖြေခရီးထွက်ရန်အတွက် ​လျှောက်ထားရသည်မှာ မလွယ်ကူ​ပေ။ ကမ္ဘာ့အပြင်ဘက်မှ အဝင်​​ဖုန်းခေါ်ဆိုမှုကိုလည်း ကန့်သတ်ထား၍ သူတို့အားလပ်ချိန်၌ မလိုအပ်လျှင် ဖုန်းမ​ခေါ်တတ်ကြ​ပေ။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now