🐯Chapter 2
ကုယွီမြန်က ကြယ်မျှော်စင်မှ ထွက်လာပြီးနောက် အများပြည်သူသုံးယာဉ်ပျံပေါ်သို့ တက်လိုက်သည်။
ကြယ်တာရာခေတ်တွင် ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းများ မရှိတော့ပေ။ ဂြိုလ်များပေါ်တွင် ယာဉ်ပျံများကိုသာ အသုံးပြုကြသည်။ လက်ရှိ ကြယ်နိုင်ငံတော်အား အုပ်ချုပ်သူမှာ လျှို့ဝှက်ဆန်းကြယ်ကာ ကြောက်မက်ဖွယ်ကောင်းသည့် ဧကရာဇ်ဖြစ်သည်။ ကြယ်နိုင်ငံတော်အား ဂလက်ဆီ ၃ ခု၊ ကြယ်တာရာမြို့တော် တစ်ခုနှင့် အရန်ကြယ်ဂြိုလ် ၄၇ လုံး ဖြင့် ဖွဲ့စည်းထားသည်။ ယခု ကုယွီမြန်နေထိုင်သည့် တုခုရှီကြယ်မှာ ဂလက်ဆီ၏အစွန်းတွင် တည်ရှိသော အရန်ကြယ်ဂြိုလ်တစ်လုံး ဖြစ်သည်။ ဤနေရာတွင် တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် နည်းပညာမှာ များစွာဖွံ့ဖြိုးခြင်း မရှိပေ။
ကြယ်တာရာမြို့တော်မှ လမ်းပန်းဆက်သွယ်ရေးမှာ ဤနေရာထက် များစွာသာလွန်သည်ဟု ဆိုလိုခြင်းပင်။
၁၀ မိနစ် ကြာပြီးနောက်တွင် ကုယွီမြန် သူ့အိမ်ရှေ့တံခါးတွင် မတ်တတ်ရပ်နေပြီ ဖြစ်သည်။
မူလပိုင်ရှင်က ဤတိုက်ခန်းအား ငှားရမ်းထားခြင်း ဖြစ်ကာ လူနေအဆောက်အဦး၏ အလယ်တွင် တည်ရှိသည်။ ထို့ကြောင့် အလင်းရောင်ကောင်းစွာ မရရှိပေ။ ယမန်နေ့က တိုက်ခန်းအား ရှင်းလင်းရန် အချိန်မရခဲ့သဖြင့် ကုယွီမြန် တစ်နေ့ခင်းလုံး အချိန်ယူကာ သန့်ရှင်းရေးလုပ်ရသည်။
သန့်ရှင်းပြီးချိန်မှာ ညနေခင်းသို့ ရောက်နှင့်ပြီ ဖြစ်သောကြောင့် ကုယွီမြန် ညနေစာအတွက် မှာယူလိုက်သည်။
အမှာလာပို့ရန် စောင့်ဆိုင်းနေချိန်၌ တိုက်ရိုက်ထုတ်လွှင့်မှုအနည်းငယ်အားကြည့်ကာ သင်ယူရန် ဆုံးဖြတ်လိုက်သည်။ အနည်းဆုံး လုပ်ခနှုန်းထားဖြင့် ချုပ်ဆိုထားခြင်း ဖြစ်သော်လည်း သူက ဤလုပ်ငန်းအား သဘောကျနှစ်သက်ခြင်း မရှိပေ။ သို့သော်လည်း ဤသည်ကသာ တစ်ခုတည်းသော ဝင်ငွေရလမ်း ဖြစ်သောကြောင့် ငြင်းဆိုခြင်း မပြုနိုင်ချေ။
“ရှောင်းအေ.. ကြယ်ကွန်ရက်နဲ့ ချိတ်ဆက်ပေးပါဦး..”
ကုယွီမြန်၏ လက်ပတ်ကွန်ပျူတာ၌ အလိုအလျောက်ပါရှိသော ဉာဏ်ရည်တုအား ရှောင်းအေဟု ခေါ်သည်။

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...