chapter 24

173 23 0
                                    

Chapter 24
July 12, 2024
🐯Chapter 24

ထို့အပြင် ကုယွီမြန် ယနေ့နံနက် အိပ်ရာထစဉ်က ပန်ဒါလေးထံတွင် လက်ပတ်ကွန်ပြူတာတစ်လုံးကို တွေ့ရှိခဲ့သည်။ သို့သော် ထို လက်ပတ်ကွန်ပြူတာက အရွယ်ရောက်ပြီးသားလူအတွက် လက်ပတ်ကွန်ပြူတာတည်ဆောက်ပုံဖြစ်ပြီး၊ ပန်ဒါလေး၏ လက်ဗွေဖြင့် လော့ခ်ဖွင့်၍မရပေ။ ထို လက်ပတ်ကွန်ပြူတာ နောက်ဘက်ရှိ လိုဂိုအရ ထိုအရာကို ကြယ်တာရာမြို့တော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်နေသည်။

ထိုအရာကြောင့်ပင် ပန်ဒါပေါက်စလေးက လေလွင့်သူမဟုတ်ကြောင်း ပြသခဲ့ခြင်းဖြစ်သည်။ သူ့တွင် ကြယ်တာရာမြို့တော်၌ အိမ်ရှိနေပုံရသည်။

တာ့ခ်တွင် ကြယ်တာရာမြို့တော်ရှိ ကြယ်ကွန်ရက်နှင့် ချိတ်ဆက်၍မရပေ။ သူသာ တာ့ခ်တွင် ဆက်နေပါက ပန်ဒါလေး၏ မိသားစုကို ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။ သူ့အတွက် ကုယွီမြန်က ကြယ်တာရာမြို့တော်သို့ သွားလိမ့်မည်ပင်။ သူက ပန်ဒါလေးကို နယ်မြေရဲစခန်းသို့ခေါ်သွားပြီး ထိုကိစ္စကို သတင်းပေးခြင်းမျိုး မလုပ်ရသေး၍  ယနေ့ သို့မဟုတ် မနက်ဖြန် သွားရန် စီစဉ်ထားသည်။ သူသာ ပန်ဒါလေး၏မိသားစုကို တာ့ခ်တွင် ရှာတွေ့ပါက ပိုအဆင်ပြေပေလိမ့်မည်။

"ကောင်းပါပြီ…"

ခီရီက အံ့ဩမနေတော့ပေ။ တာ့ခ်ဇာတိသားတစ်ဦးအနေဖြင့် ကုယွီမြန်က ပဏာမပြိုင်ပွဲကိုသာ ကျော်ဖြတ်နိုင်ခဲ့လျှင်ပင် သူတို့၏အမည်ကို တောက်ပြောင်စေမည့်အရာတစ်ခုဖြစ်သည်။

"ဒါဆို ရှင့်ကို လုပ်ထုံးလုပ်နည်းတွေ စီစဉ်ပေးမယ်…"

ကုယွီမြန်က ဖိုင်နယ်ထိရောက်အောင် သွားနိုင်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ပေ။ သို့သော်လည်း ခီရီကမူ ကုယွီမြန်သာ လုပ်ချင်စိတ်ရှိပါလျှင် သူက တာ့ခ် ရှိ တင်ဆက်သူအားလုံးထက် ပိုသာသွားလိမ့်မည်ဟု ယုံကြည်သည်။

ကုယွီမြန် အိမ်ပြန်ရောက်သောအခါ နှင်းကျားသစ်လေးနှင့် ပန်ဒါလေးက နိုးနေပြီဖြစ်သည်။

နှင်းကျားသစ်လေးက ပန်ဒါလေးကို ဆိုဖာပေါ်မှ မြေကြီးပေါ်သို့ တွန်းချလိုက်ပြီး ဆိုဖာပေါ်တွင်ထိုင်ကာ သူ့လက်ဖဝါးများကို သပ်သပ်ရပ်ရပ် လျက်နေသည်။ ပန်ဒါလေးက ပျော့ပျောင်းသောကော်ဇောပေါ်တွင် ငေးမောရင်း ထိုင်နေသည်။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now