Chapter 25
July 12, 2024
🐯Chapter 25ဖန့်လဲ့နာအပါအဝင် အခြားဧည့်ကြိုဝန်ထမ်း နှစ်ဦး သို့မဟုတ် သုံးဦးကလည်း မသေချာမရေရာသော အကြည့်မျိုးဖြင့် သူတို့ကို ကြည့်နေကြသည်။
ကုယွီမြန် "……"
ဖန့်လဲ့နာက ဝန်ထမ်းတစ်ဦးမဟုတ်ကြောင်း ဝန်ထမ်းများက သိသော်လည်း ကုယွီမြန်က မသိပေ။ သူမက ငယ်ရွယ်ပြီး လှပနေပုံရသော်လည်း အမှန်တွင် အသက်ခုနစ်ဆယ်ရှိပြီဖြစ်ပြီး ကြယ်တာရာကောင်းကင်၏ ခေါင်းဆောင်စီအီးအို လည်းဖြစ်သည်။
ဒီလူသားက ဘယ်သူများပါလိမ့်…
ကြယ်တာရာကောင်းကင်ရဲ့စီအီးအိုက သူ့ကို လူကိုယ်တိုင်လာခေါ်ရလောက်အောင်အထိ သူက ကြီးကျယ်တဲ့ လူများလား…
-----
နှစ်နာရီခန့်ကြာသောအခါ…
"မင်း တခြားဘာလိုသေးလဲ…စိတ်ကျေနပ်ရဲ့လား…"
ဖန့်လဲ့နာက ပြုံးပြလိုက်သည်။
ကုယွီမြန်က ခေါင်းညိတ်ပြလိုက်သည်။
"ကျေနပ်ပါတယ် ကျေးဇူးအများကြီးတင်ပါတယ်…"
ထို 'အိပ်ဆောင်'က တာ့ခ်တွင် သူ နေထိုင်သည့်နေရာထက် ပိုကျယ်သည်။ ထိုအခန်းက မြို့တော်အထက်ပိုင်း မြို့ပြဧရိယာ၏ အစည်ကားဆုံးနေရာတွင် တည်ရှိပြီး အပေါ်ထပ်တွင် ဥယျာဉ်ငယ်တစ်ခုနှင့် ရေကူးကန်တစ်ခုပါရှိသော သီးခြားဗီလာတစ်ခုဖြစ်သည်။ အတွင်းခန်း ပရိဘောဂများ အားလုံးကလည်း ကုယွီမြန်၏အကြိုက်နှင့် အလွန်ကိုက်ညီသည်။ အထူးနေစာလှုံခန်းအပြင် ကလေးနှစ်ယောက်အတွက် ပံ့ပိုးပေးသည့်အိပ်ခန်းလည်း ရှိသည်။
သူက အခြားတင်ဆက်သူတစ်ဦးဖြင့် အတူတူနေထိုင်ရမည်ဟု သူထင်ခဲ့သော်လည်း ထိုသို့လုပ်ရန်မလိုအပ်ပေ။
ကြယ်တိုက်ရိုက်ထုတ်လွှင့်မှုက အရမ်းချမ်းသာတာများလား… သူတို့က တင်ဆက်သူတိုင်းအတွက် ဗီလာတစ်လုံးပေးတာများလား…
ကုယွီမြန် ပထမဆုံးအကြိမ်အဖြစ် သူ၏အသက်မွေးဝမ်းကြောင်းနှင့် ပတ်သက်၍ပင် သံသယဝင်လာခဲ့သည်။

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...