Chapter 23
July 12, 2024
🐯Chapter 23ထိုဥလေးမှာ ပန်ဒါပေါက်လေး ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်မိခဲ့ပေ။
သားပေါက်လေးက သူ၏ ဝိုင်းစက်တောက်ပသည့် မျက်လုံးဝိုင်းကြီးများနှင့် ကုယွီမြန်ကို ကြည့်နေသည်။ ကုယွီမြန်က သူ့ကို ပွေ့ချီလိုက်သောအခါ ခေါင်းလေးဖြင့်လက်မောင်းကြားထဲသို့ သတ္တိထားပြီး တိုးဝင်လိုက်သည်။ သားပေါက်လေးက သူနှင့် အလွန်ရင်းနှီးနေသည်။ ကုယွီမြန်၏ နှလုံးသားလေးက အရည်ပျော်သွားသည်။ သူက သားပေါက်လေးအား ဥခွံ၏အောက်ပိုင်းတစ်ဝက်ကို ဂရုတစိုက်ကူညီကာ ဖယ်ပေးလိုက်ပြီး သူ့ရင်ခွင်ထဲတွင် အိပ်စေခဲ့သည်။
နှင်းကျားသစ်လေး- "..."
ကုယွီမြန်၏ ပခုံးပေါ်တွင် ထိုင်နေသည့် နှင်းကျားသစ်လေး၏မျက်လုံးများက အနည်းငယ်ပို၍ နက်မှောင်လာသည်။
ခေါင်းက ဝိုင်းနေပြီး ဝလည်းဝတယ်… ပထမဆုံး တွေ့ရတာနဲ့တင် ငတုံးမှန်းသိသာတယ်… ဒီငတုံးကောင်က ဘယ်လိုများ ငါ့ထက်ပိုကောင်းအောင် လုပ်နိုင်ရတာလဲ... ဒီကောင်က ကုယွီမြန်နဲ့ ထိုက်တန်ပါ့မလား…
ကျားသစ်လေးက ပထမဆုံး ကုယွီမြန်၏ ပုခုံးပေါ်မှ ခုန်ချကာ ကုယွီမြန်ရှေ့ရှိ စားပွဲပေါ်တွင် နေရာယူလိုက်ပြီး သူ၏ ကျက်သရေရှိပြီး ချောမွေ့နေသည့် ခန္ဓာကိုယ်ကို ဆန့်ထုတ် ပြလိုက်ကာ ကုယွီမြန်၏ အာရုံစိုက်မှုကို ရရှိရန် ကြိုးစားနေသည်။
ထိုအခြေအနေကို ကုယွီမြန်က မသိလိုက်ပေ။ သူက ပန်ဒါလေး၏ အမွေးပေါ်တွင် ကပ်နေသည့် အချွဲများကို ဖယ်ထုတ်ပေးရန် နူးညံ့သည့်ပဝါတစ်ထည်ကို ယူလိုက်သည်။
နှင်းကျားသစ်လေးလည်း သူ့ဒေါသကို ထိန်းလိုက်ပြီး ကုယွီမြန်က သူ့ခြေဖဝါးကို နမ်းခွင့်ရသည်မှာ ကံကောင်းသည်ဟု ဆိုလိုသည့်သဘောဖြင့် လူသား၏ လက်ဖဝါးပေါ်သို့ သူ့ ရှေ့ခြေဖဝါးကို တင်ပေးလိုက်သည်။
ကုယွီမြန်က သူ့ကို နမ်းလိုက်သော်လည်း မကြာမီမှာပင် သူ့ရင်ခွင်ထဲက သားပေါက်လေးဆီသို့သာ အာရုံပြန်ရောက်သွားခဲ့သည်။

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...