chapter 10

217 32 1
                                    

Chapter 10
July 12, 2024
🐯Chapter 10

နောက်တစ်ရက် နေ့လယ်ပိုင်းတွင်...

ယနေ့က စနေ့နေ့ဖြစ်၍ လူတိုင်းတွင် လုပ်စရာမရှိကြ၍ သူတို့က ကြယ်ကွန်ရက်ပေါ်၌ အချိန်ဖြုန်း၍ မျှဝေကြသည်။ ရုတ်တရက် လူများစွာက သူတို့ ဖော်လိုလုပ်ထားသည့် ဘလော့ကာတစ်ယောက် တင်ထားသော ရှည်လျားသည့် မိုက်ခရိုဘလော့ တစ်ခုအား ပွတ်ဆွဲကြည့်မိသွားသည်။

တိမ်လေးတစ်ခုရှိတယ် : ငါ တာ့ခ်ကို သွားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ အံ့အားသင့်စရာတစ်ခုကို ကြုံတွေ့ခဲ့ရတယ်...

[ဗီဒီယို]

ဒီနတ်ဘုရားတင်ဆက်သူက ကုယွီမြန်တဲ့... မင်းတို့ သူ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်တာနဲ့အမျှ ငါတို့ သူငယ်ချင်းကောင်းတွေ ဖြစ်လာနိုင်တယ်..."

'တိမ်လေးတစ်ခုရှိတယ်'က သူ၏ ကိုယ်ပိုင်မီဒီယာအား နှစ်ပေါင်းများစွာ လုပ်ဆောင်နေခဲ့ပြီး အစားအစာ၊ သောက်စရာများနှင့် ဂြိုလ်အမျိုးမျိုးပေါ်ရှိ ကစားစရာများ၊ စမ်းသပ်မှုနှင့် မဟာဗျူဟာများ အစရှိသဖြင့် ၎င်းတို့ပေါ်တွင်သာ အာရုံစိုက်ခဲ့သည်။ သူမ၏ တန်ဖိုးဖြတ်ခြင်းက သင့်လျော်သောကြောင့် ဤနှစ်များတွင် သူမ အာမခံခဲ့သည့် အရာများမှာ အလွန်နည်းသည်။ သူမတွင် ကြီးမားသော ပရိသတ်အရေအတွက်လည်း ရှိသည်။

သူမ၏ မိုက်ခရိုဘလော့ကို တင်ပြီးနောက် တုန့်ပြန်မှုများက အလွန်နွေးထွေးလှသည်။

ဒါပေါ့ မှတ်ချက်တွေက အစုံရောထားတာဘဲ..

【ဇနီးလေး မင်းအခိုးခံလိုက်ရတာလဲ…】

【ယွင်ယွင် ကြော်ငြာပေးဖို့ ဘယ်လောက်ရခဲ့လဲ... ဒီပရိသတ်အများကြီးက မင်းကို မထောက်ပံ့နိုင်ဘူးလို့ ထင်လို့လား…】

【ငါက လူသားသက်ရှိတွေနဲ့ဆိုင်တဲ့ ကိစ္စ‌တွေမှာ အဆင်မပြေဘူး…】

'တိမ်လေးတစ်ခုရှိတယ်'မှာ ယခင်က သူမ၏ လူသားများအပေါ် မနှစ်သက်မှုအား အရိပ်အမြွက် ပြခဲ့ဖူးသည်။ ထို့ကြောင့် ဤမိုက်ခရိုဘလော့အား တင်လိုက်သောအခါ လူအများစုက ကြော်ငြာရန်အတွက် ငွေလက်ခံခြင်း (သို့) သူမအပြောနှင့် အတွေးပြောင်းပြန်ဖြစ်ခြင်း အစရှိသဖြင့် ထင်ခဲ့ကြသည်။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now