chapter 46

167 22 0
                                    

Chapter 46
July 17, 2024
🐯Chapter 46

ဘယ်ရနိုင်ပါ့မလဲ…

မျိုးသုဉ်းလုနီးပါးမျိုးစိတ်များအတွက် မွေးစားခြင်းအစီအစဥ်ကို ယမန်နှစ်တွင် စတင်ပြုလုပ်ခဲ့သော်လည်း 'အသိဥာဏ်မရှိသော၊ အမှီအခိုလိုအပ်သော' မျိုးသုဉ်းလုနီးပါးမျိုးစိတ်များအတွက်သာ ကန့်သတ်ထားသည်။

ရှေးကမ္ဘာမြေပေါ်တွင် တစ်ချိန်ကနေထိုင်ခဲ့သော တိရိစ္ဆာန်များစွာတို့က ကြယ်တာရာခေတ်၏ ပြောင်းလဲမှုများနှင့် ကောင်းစွာ လိုက်လျောညီထွေမှု မရှိကြပေ။ အစပိုင်းတွင် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများကို နိုးထစေနိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင်မူ သူတို့၏ မျိုးဆက်များသည် သာမန်တိရစ္ဆာန်များအဖြစ်သို့သာ တဖြည်းဖြည်း ပြောင်းလဲလာကြသည်။ ထိုကဲ့သို့သော ယိုယွင်းမှုမျိုးကို 'ရောင်ခြယ်ဓါတ်ချို့တဲ့သည့် မျိုးစိတ်' အဖြစ် သို့မဟုတ် အခြားပုံစံအချို့တို့ဖြင့် သိမြင်နိုင်သည်။ အမှီအခိုမရှိဘဲ အသက်မရှင်နိုင်သည့် ထိုကဲ့သို့သော မျိုးစိတ်များကိုသာမွေးစားနိုင်သည်။

ဥပမာအားဖြင့်၊ မျိုးတုန်းပျောက်ကွယ်လုနီးပါးမျိုးစိတ်နှစ်ခုဖြစ်သည့် တိဗက်ဒရယ် နှင့် မိကျောင်းဖမ်းလိပ်များမှာ သာမန်တိရစ္ဆာန်များအဖြစ်သို့သာ လုံးဝ ပြောင်းလဲသွားခဲ့ပြီး မြို့ပြရှိ အထက်တန်းလွှာမိသားစုအချို့က ၎င်းတို့အား မွေးစားခဲ့သည်။

အရွယ်ရောက်ပြီးသော မိမိကိုယ်ကို အားကိုးအားထားပြုနိုင်သည့် လူသား အမျိုးသားတစ်ဦးကို လုံးဝ မွေးစားနိုင်မည်မဟုတ်ပေ။ ၎င်းက လုံးဝကို အဓိပ္ပါယ်မရှိသည့် ကိစ္စပင်။ တစ်ဖက်လူက သူ၏ဧကရာဇ် ဖြစ်ခဲ့လျှင်ပင်…

မဟုတ်သေးဘူး ဖြစ်နိုင်သေးတယ်…

ရှေးခေတ်က ကမ္ဘာပေါ်တွင် စစ်ပွဲအကြောင်း ပြဇာတ်များ ရှိခဲ့ဖူးသည်။

ဖန်းနစ်ခ်လည်း ထိုကိစ္စကြောင့် ဧကရာဇ်က ဥပဒေကိုပင် ပြောင်းလဲပစ်လိုက်ပြီး အစိုးရအဖွဲ့ဝင်အုပ်စုများ ဒေါသကြောင့် သေသွားမည်ကိုပင် အနည်းငယ်ကြောက်လန့်သွားသည်။ သူ့ ခေါင်းပေါ်မှ ချွေးစေးများစီးကျလာပြီး ဧကရာဇ်ကို မဆန့်ကျင်ဘဲ စကားလုံးများ၏ အဓိပ္ပါယ်ကို မည်ကဲ့သို့ ဖော်ပြရမည်ကို စဉ်းစားနေသည်။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now