chapter 9

203 33 0
                                    

Chapter 9
July 12, 2024
🐯Chapter 9

ယနေ့က သောကြာနေ့ ညနေ ၅:၃၀ ဖြစ်ကြောင်း ကုယွီမြန်မသိခဲ့ပေ။ လူအများစုက ယခုအချိန်တွင် အလုပ်ပြီးလေ့ရှိသည်။ အများစုမှာ တစ်ပတ်တာလုပ်ငန်းခွင်မှ ပင်ပန်းနွမ်းနယ်လာကြပြီး ယာဉ်ပျံပေါ်တွင်ထိုင်ကာ အချိန်ကုန်စေရန် တိုက်ရိုက်ထုတ်လွှင့်မှုများအား ကြည့်ရှုကြသည်။

ကုယွီမြန်၏ စတူဒီယိုမှ ကာဗာရုပ်ပုံမှာ ယမန်နေ့ ကွန်ပျူတာမှ ကျပန်းရိုက်ယူထားသည့်ပုံ ဖြစ်သည်။ ပုံထဲမှ လူငယ်လေးက သန့်စင်ချောမောသော မျက်ခုံးများနှင့် အရပ်ရှည်၍ ကျစ်လစ်သွယ်လျသော ခန္ဓာကိုယ်လေးဖြင့် အေပရွန်(ရှေ့ဖုံးခါးစည်း)အား ဝတ်ဆင်ထားသည်။ နွေးထွေးသော နေဝင်ဆည်းဆာက အခန်းထောင့်မှ ဖြန့်ကျက်၍ ဝင်လာပြီး ရေနွေးပူ လေထဲတွင် ရေနွေးငွေ့များထွက်နေသည်။ ပုံတစ်ခုလုံးက သက်သောင့်သက်သာရှိပြီး နွေးထွေးသော အလှအပပုံစံတစ်မျိုး ဖြစ်သည်။

ထိုပုံက 'အိမ်'ဟူသည့် အဓိပ္ပါယ်အပြည့်ဖြင့် ရှိနေကာ မရေတွက်နိုင်သော လူတိုင်း၏ နှလုံးသားများကို ထိုးစိုက်သွားခဲ့သည်။

သူတို့က မြို့ကြီးပြကြီးတွင် တစ်ယောက်ထဲ ရပ်တည်နေခဲ့ရခြင်း (သို့) ပါတီAမှ စျေးဝယ်သူတစ်ယောက်၏ တစ်နေကုန် စိတ်အနှောင့်ယှက်ပေးခြင်းကို ခံခဲ့ရခြင်းတို့ကြောင့် ယခုအချိန်တွင် အလွန်ပင်ပန်းနေခဲ့သည်။ ယခုနာမည်ကျော်ကြားနေသော အက၊ သီချင်းနှင့် ဂိမ်း တိုက်ရိုက်ထုတ်လွှင့်မှုများမှာ အလွန်ဆူညံ့သဖြင့် လူတိုင်းကြည့်ရန် တွန့်ဆုတ်ကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းဖွင့်ပြီး တစ်နာရီအကြာတွင် [နောက်ဆုံးပေါ် တိုက်ရိုက်ထုတ်လွှင့်မှု] ထောက်ခံမှုစာရင်း၌ ပါလာခဲ့သည်။ ထိုထောက်ခံမှုစာရင်တွင် ပါဝင်သူများက ကြည့်ရှုသူတစ်ရာကျော်သာ ရနိုင်သော်လည်း ကုယွီမြန်က သုံးထောင်အထိ မြင့်တက်သွားခဲ့သည်။

ထို့ပြင် "တိမ်လေးတစ်ခုရှိတယ်" ၏ 'မီးရှူးမီးပန်း’ လက်ဆောင်က ပလက်ဖောင်းတစ်ခုလုံးမှ လူများအား ဆုယူ၍ ကံစမ်းရန် ဆွဲဆောင်ခဲ့သည်။ ကံစမ်းရန်ရောက်လာခဲ့သော လူထောင်ကျော်က တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် ဆွဲဆောင်ခံလိုက်ရပြီး ဆက်နေခဲ့ကြသည်။ ယခုအချိန်တွင် တင်ဆက်သူကုယွီမြန်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူလူပေါင်း ရှစ်ထောင်ကျော်နေခဲ့သည်။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now