chapter 4

342 57 2
                                    

🐯Chapter 4

နောက်တစ်နေ့၌။

ကုယွီမြန်၏စာချုပ်မှာ အထစ်အငေါ့မရှိဘဲ အောင်မြင်စွာ အသက်ဝင်လာခဲ့သည်။ ကုယွီမြန်က တိုက်ရိုက်ထုတ်လွှင့်မှုများကိုသာ ဆက်ကြည့်နေဆဲဖြစ်သည်။ ယနေ့တွင် တိုက်ရိုက်ထုတ်လွှင့်မှုများအား ကြည့်ရုံသာမကဘဲ အခြားတင်ဆက်သူများ မည်သို့မည်ပုံ တင်ဆက်သည်ကိုပါ လေ့လာမှတ်သားနေသည်။

မွန်းလွဲ ၄ နာရီ။

ကြယ်ကွန်ရက်မှ ထွက်ပြီးနောက် ကုယွီမြန် အကြောဆန့်လိုက်သည်။ ထို့နောက် ချက်ပြုတ်ဖွယ်ရာများ ဝယ်ယူရန် စူပါမားကတ်သို့ သွားသည်။ ဤနေရာတွင် မှာယူစားသောက်ခြင်းမှာ အလွန်ဈေးကြီးလှသော်လည်း ကံကောင်းစွာဖြင့် စူပါမားကတ်မှ ဈေးနှုန်းများမှာ အတော်လေး သင့်တင့်လှသည်။ စတားလိုက်ဖ်မှ လစာမရသေးသဖြင့် ၂၀၀ ပင် မပြည့်တော့သော ကြယ်ဒင်္ဂါးများအား ချွေတာသုံးစွဲရမည် ဖြစ်သည်။

စူပါမားကတ်က ကုယွီမြန်နေထိုင်ရာနှင့် နီးသဖြင့် ယာဉ်ပျံဖြင့်သွားရန် မလိုအပ်ချေ။ စူပါမားကတ်သို့ ရောက်ချိန်၌ အပြင်ဘက်တွင် မိုးသည်းထန်စွာရွာလျက် ရှိသည်။ မားကတ်အတွင်း၌ ခြောက်ကပ်လျက်ရှိပြီး အစားအသောက်တန်းတွင် ဝန်ထမ်းတစ်ဦးသာရှိကာ ထိုသူမှာလည်း ပျင်းရိစွာဖြင့် ဖုန်း‌ကြည့်နေလေသည်။ ကုယွီမြန် ရောက်ရှိလာသောအသံမှာ သူ့အား ကြောင်အသွားစေသည်။ ထိုလူငယ်က ကုယွီမြန်အား မော့ကြည့်လာပြီးနောက် ရုတ်တရက်ဆိုသလို မျက်လုံးအကြည့်များ ထူးဆန်းကာ ရှုပ်ထွေးလာသည်။

“ဟယ်လို.. ကျွန်တော် ဝယ်ချင်တာက..”
ကုယွီမြန်က ပြောသည်။

လူငယ်လေးက သူ့လက်များအား အေပရွန်ဖြင့် ပွတ်သပ်လိုက်ပြီးနောက် ကုယွီမြန်နှင့် လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းလိုက်သည်။
“ကြိုဆိုပါတယ်...”

ကုယွီမြန်မှာမူ ချက်ပြုတ်ရန်အမယ်များ ဝယ်ယူသည့်အခါ မည်သည်ကြောင့် လက်ဆွဲနှုတ်ဆက်ရန် လိုအပ်ကြောင်း မသိချေ။ သူ ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် လူငယ်လေးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။ နောက်တစ်စက္ကန့်မှာပင် ကုယွီမြန်၏ လက်ထဲရှိ လူငယ်လေး၏လက်မှာ လက်ဖဝါးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဂျာမန်သိုးထိန်းခွေး၏ နွေးထွေးသော အမွေးဖွားဖွားလေးများရှိနေသည့် လက်ဖဝါးက ကုယွီမြန်၏လက်အား ဖမ်းဆုပ်ထားသည်။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now