Chapter 15
July 12, 2024
🐯Chapter 15တိတ်ဆိတ်ခြင်း၏ အံ့ဩစရာကောင်းသော ခံစားမှုကြောင့် ကုယွီမြန်မှာ အနည်းပင်ငိုက်မြည်းလာသည်။
လက်တစ်ဖက်တွင် နာရီသဏ္ဍာန်ကွန်ပျူတာအား ကိုင်ထားပြီး စဥ်းစားမိလိုက်သည်။
ရွှယ်ထွမ် ဘယ်ရောက်သွားလဲ… တိတ်တိတ်လေး ခိုးသောက်နေပြန်ပြီလား…
သူက အပေါ်ထပ်ဥယျာဥ်တံခါးအား ဖြေးညင်းစွာဖွင့်ပြီး တက်သွားခဲ့သည်။
သူ ဒုတိယထပ်တွင် လှည့်ပတ်ရှာခဲ့သော်လည်း နှင်းကျားသစ်လေးအား မတွေ့ခဲ့ပေ။
ဧည့်ခန်းထဲရှိ ဝိုင်အံဆွဲပွင့်နေသည်အားမြင်သောအခါ သံသယရှိစွာဖြင့် ကျယ်လောင်စွာခေါ်လိုက်သည်။
"ရွှယ်ထွမ်... မင်းဝရန်တာမှာလား..."
ရှို့ : "..."
ကုယွီမြန် ဝရန်တာသို့ သွားသောအခါ လေထုက တစ်စက္ကန့်မျှတိတ်ဆိတ်သွားသည်။
လှုပ်ရှားမှုတွေရှိနေခဲ့တယ်...
ပထမဦးစွာ လက်ရန်းပေါ်ရှိ ဖန်ခွက်အားတွေ့သည်။
ထို့နောက် ကုယွီမြန်က သူ၏ဘိုးဘေးလေးမှာ စားပွဲပေါ်တွင် မပြောင်းလဲသော တည်ကြည်သည့်မျက်နှာထားဖြင့် ထိုင်နေသည်အား မြင်လိုက်ရသည်။ ဖန်ခွက်ထဲတွင် ဘာမှမရှိပေ။
"ယစ်ထုတ်လေး..."
ကုယွီမြန်က နှင်းကျားသစ်လေး၏မျက်နှာလေးအား ဖျစ်ညှစ်လိုက်သည်။
"ကလေးတွေ ဝိုင်အများကြီးသောက်ရင် ရူးသွားလိမ့်မယ်... မင်းက ရူးသွားချင်လို့လား..."
နှင်းကျားသစ်လေးက သူ့အားအေးစက်သောအကြည့်တစ်ချက်ပေးလေသည်။
"အရမ်းကောင်းတယ်..."
ကုယွီမြန်က ဖန်ခွက်အခြေတွင်ကျန်နေသေးသော အရည်အား အနံ့ခံကြည့်လိုက်သည်။
"ဗော့ဒ်ကာလား... ကုရွှယ်ထွမ် မင်းရဲ့စည်းကမ်းတွေနဲ့ဘဝက တရားဝင်စတင်လိုက်ပြီပဲ... အခုကနေစပြီး ဝိုင်ထည့်ထားတဲ့ အံဆွဲတွေကို ငါသော့ခတ်ထားတော့မှာ..."

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...