Chapter 31
July 13, 2024
🐯Chapter 31ဗီလာထဲ၌…
ကောင်ငယ်လေးက သူ့လက်ထဲတွင် လက်ပတ်ကွန်ပျူတာအားကိုင်ထားသည်။ သူ့လက်ဗွေရာဖြင့် လော့ဖွင့်ပြီးနောက် အေးဂျင့်ထံမှ ဖုန်းခေါ်ဆိုမှုရာချီအား ရုတ်တရက်တွေ့လိုက်ရသည်။ သူ့လက်ချောင်းအား ခေါ်ဆိုမှုခလုတ်ပေါ်တွင်
ခဏထားပြီး မနှိပ်မီ သူ့မျက်နှာတွင် တွန့်ဆုတ်မှုပေါ်လာသည်။
အခု ဒီကနေထွက်သွားသင့်ရဲ့လား…
သေချာတွေးတောကြည့်လျှင် သူ၏ ယခုအခြေအနေမှာ မတည်ငြိမ်သေးပေ။ သူ၏သားပေါက်ပုံစံအား မည်သည့်အချိန်တွင် ပြန်ပြောင်းမည်ကို မသိနိုင်ချေ။ ပြန်လည်ကောင်းမွန်ရန်အတွက် အချိန်ကြာနိုင်သည်။ သူ့မှတ်ဥာဏ်များပေါင်းစပ်လိုက်သောအခါ သူ့အဖေထံမှ ဥပုံစံကယ်ဆယ်ရေးအာကာသယာဉ်က ကြယ်သင်္ဘော၏
နောက်ဆုံးအသုတ် မငြိမ်သက်သောအခြေအနေနှင့် ဥပုံစံကယ်ဆယ်ရေးယာဥ်ဖြစ်သည်။
အခြား ကောမိသားစု၏ဆွေမျိုးများက အထက်တန်းလွှာနယ်မြေတွင် သူတို့၏ကိုယ်ပိုင်ကိစ္စများကို ပြုလုပ်နေပြီး သူတို့၏ဘိုးဘေးကို ရှာဖွေနေကြသည်။ သူ့မိဘများမှာလည်း ရှေးဟောင်းကမ္ဘာပေါ်တွင် အပျော်ခရီးထွက်နေကြရာ သူတို့နှင့် အချိန်တိုအတွင်း မတွေ့နိုင်သေးပေ။
သူ၏သားပေါက်အခြေအနေက မတည်ငြိမ်သည့်အပြင် သူ့တွင် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်စွမ်းလည်းမရှိချေ။ အမှန်တွင် သူ၏အေးဂျင့်ရှိသော်လည်း သူ့ကိုယ်ပိုင်ကျန်းမားရေးနှင့် နှိုင်ယှဥ်ကြည့်လျှင် အေးဂျင့်မှာ သူထံပို၍ စိတ်ဝင်စားမှုပေးသင့်သည်။ သူ၏လက်ရှိအခြေအနေအား သိသွားလျှင်
အေးဂျင့်မှာ မည်သည့်အရာအား လုပ်လိမ့်မည်ကို သူ မတွေးတတ်ပေ။
အနည်းဆုံး သေချာသည်မှာ သူ၏အေးဂျင့်မှာ
ယခုအထူးကာလအား ငြိမ်းချမ်းစွာ ဖြတ်သန်းခွင့်ပြုမည်မဟုတ်ပေ။ ကုယွီမြန်၏ဘေးတွင်လည်း ဂရုမစိုက်စွာ ထားလိမ့်မည်မဟုတ်ပေ။

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...