Chapter 28
July 12, 2024
🐯Chapter 28အချက်လက်များ၏ရလဒ်ကို တရားဝင် စတားလိုက်ဖ်၏အဆင့်မြင့်စီမံခန့်ခွဲရေးများထံသို့ လျင်မြန်စွာဖြင့် ပေးပို့ခဲ့သည်။
နေ့လယ်ခင်းတွင် ကြယ်တာရာကောင်းကင်လိုက်ဖ်၏ စီအီးအိုဖန့်လဲ့နာတွင် လုပ်စရာများများစားစား မရှိပေ။ ထို့ကြောင့် သူမက တိုက်ရိုက်ထုတ်လွှင့်မှုများအား ကြည့်ရှုနေခဲ့သည်။ ထို့အချိန်တွင် သူမက လက်ခုပ်တီးပြီး ထရပ်လိုက်သည်။
"ရှောင်ကျန်းရေ..."
သူမ၏လက်ထောက်အား အသံကျယ်ကျယ်ခေါ်ပြီ လက်ပတ်ကွန်ပျူတာထဲရှိ မှတ်တမ်းတစ်ခုအားဆွဲထုတ်လုပ်သည်။
"ဝန်ထမ်းရေးရာဌာနကို သွားပြီး သူတို့ကို ကုယွီမြန်ကအစိုးရရဲ့ Sအဆင့် တင်ဆက်သူလုပ်ငန်းစဥ် တင်ပြတာမှာ
ကူညီပေးဖို့ တောင်းဆိုလိုက်..."
နှစ်ပေါင်းများစွာကြာ ဝါရင့်တစ်ယောက်ဖြစ်နေခဲ့သော ဖန့်လဲ့နာပင် ယခုချိန်၌ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ကြယ်တာရာမြို့တော်တွင် Sအဆင့်တင်ဆက်သူ မရှိခဲ့ပေ။ပထမဆုံး Sအဆင့်တင်ဆက်သူက သူတို့၏နာမည်အောက်တွင် ဖြစ်ခဲ့လျှင် သူတို့အလံအပေါ် အရောင်တင်လိုက်သလိုဖြစ်နေမည်မှာ သေချာသည်။
(T/N - ဒီမှာအရောင်တင်တယ်ဆိုတာ ဂုဏ်ရှိတာကိုပြောချင်တာပါ)
ရှောင်ကျန်းက အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
"ကောင်းပါပြီ..တခြားတစ်ခုခု ခိုင်းချင်တာရှိသေးလား..."
ဖန်လဲ့နာ :"မြန်မြန်သွား...အိုး...နေဦး..."
ရှောင်ကျန်း :"..."
ဖန့်လဲ့နာက သူမ၏နှာခေါင်းကိုပွတ်ပြီး အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
"အာ ကုယွီမြန်ရဲ့လက်မှတ်ထိုးထားတဲ့ပုံ လိုချင်တယ်..."
ရှောင်ကျန်း :"..."
အားလုံးပြီးသွားပြီ... စီအီးအိုက ကြယ်တွေနောက်လိုက်နေပြီ...နောက်လဝက်နေရင် ယှဥ်ပြိုင်မယ့် တင်ဆက်သူပြိုင်ပွဲအတွက် ဘာလိုဦးမှာလဲ...

YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceDescription 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသည်နှင့် လွန်စွာကွဲပြားသောကြယ်တာရာခေတ်သို့ ကူးပြောင်းသွားခဲ့သည်။ ...