Chapter 26
July 12, 2024
🐯Chapter 26"နံပါတ် 08 မင်း ဘာလုပ်လိုက်တာလဲ…"
လီရန် မျက်မှောင်ကြုတ်လိုက်သည်။ စစ်ဆေးသူနံပါတ် 08က အကဲဖြတ်စစ်ဆေးနေစဉ် အလေးအနက် မထားဘဲ အားနည်းသောမျိုးနွယ်စုမှ တင်ဆက်သူများကို မကြာခဏ ခွဲခြားဆက်ဆံခံလေ့ရှိသည်။ သူ့မိသားစု၏ တော်ဝင်မိသားစုနှင့် ဆက်ဆံရေးကြောင့်သာ မဟုတ်ပါက လီရန်က သူ့ကို ယခင်ထဲက သည်းခံနေမည် မဟုတ်ပေ။
"ငါ ကျပန်းမှတ်ချက် ပေးတာမျိုး မဟုတ်ဘူး…"
နံပါတ် 08 က ဘာသိဘာသာနှင့် ပြောလိုက်သည်။
“သူက လူသားလေ… လူသားက တိရစ္ဆာန်တွေ ဘာစားချင်တယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲ… နောက်ပြီး စစ်ဆေးနေတဲ့အချိန်မှာ သူက သားပေါက်လေးကို ရွှံ့တွေ ပေနေတဲ့ဟာကိုပေးတာ မင်းမတွေ့ဘူးလား… ဒါက သားပေါက်အတွက်တဲ့လား… သူက ဘယ်လိုအမျိုးအစားထဲက သားပေါက်လေးလဲဆိုတာ ငါ မသိပေမယ့် သူတကယ်ကို သတ္တိရှိတာပဲ… သားပေါက်လေးကို သေစေနိုင်တဲ့အစာကျွေးဖို့ကို သူ မကြောက်ဘူးပဲ…"
မြင်ကွင်းရှုထောင့်မှာ ပန်ဒါကလေး၏ နေရာမှ မြင်ရသည့် ပထမဆုံး ရှုထောင့်ဖြစ်ပြီး ပတ်ပတ်လည်တွင်လည်း မှန်တစ်ချပ်မှ မရှိသောကြောင့် သူတို့က မည်သို့သော သားပေါက်ဖြစ်ကြောင်း မပြောနိုင်ကြပေ။ အကဲဖြတ်သူများက အနက်ရောင် ခြေထောက်တိုတိုလေးနှင့် အဖြူရောင်ဝမ်းဗိုက်တို့ကိုသာ မြင်နိုင်ကြသည်။
တစ်စုံတစ်ယောက်က သူ့အား ပန်ဒါတစ်ကောင်ဟု ထင်မိလျှင်ပင် ဒုတိယအကြိမ် ပြန်စဉ်းစားကြည့်ပါက ပန်ဒါမိသားစုတွင် ဆယ်နှစ်ကျော်အတွင်း မွေးကင်းစကလေးတစ်ယောက်မျှ မရှိခဲ့သဖြင့် ထိုအတွေးက မှားယွင်းသည်ဟု ပြန်တွေးမိမည်ဖြစ်သည်။
“ပြီးတော့ အမြစ်ကို ဆားမထည့်ဘဲ ကြော်တာကို မင်းတို့လည်း တွေ့တာပဲ… ဒါက အနံ့တော့ကောင်းပေမယ့် စားလို့တော့ မကောင်းလောက်ဘူး… အဲ့လို အဆင့်နိမ့်တဲ့အမှားမျိုးကို လုပ်တယ်ဆိုကတည်းက ဆိုလိုတာက သူက ဟင်းချက်တာ ဒါမှမဟုတ် သားပေါက်လေးတွေကို ပျိုးထောင်ပေးတာမျိုးကို မလုပ်သင့်ဘူး…”
YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceTitle - I'm Using the Interstellar Live Broadcast to Raise Cubs Description 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသ...