chapter 12

221 30 0
                                    

Chapter 12
July 12, 2024
🐯Chapter 12



သိသိသာသာမြင့်တက်လာသော လူအရေအတွက်ကြောင့် ကုယွီမြန် အံ့အားသင့်နေမိသည်။

အမှန်တွင် လူကြည့်အများဆုံးသော ထုတ်လွှင့်သည့် အချိန်တစ်ခုအတွက် လူတစ်သောင်းက များပြားသော အရေအတွက်တစ်ခု မဟုတ်ပေ။ လူကြည့်များသော တိုက်ရိုက်ထုတ်လွှင့်မှုမှာ ကြည့်ရှုသူ တစ်သိန်း (သို့) မီလီယံထိ ရောက်နိုင်သော်လည်း ကုယွီမြန်က ယခုအနေအထားဖြင့် ကျေနပ်နေပြီဖြစ်သည်။

【တရုတ်ပြည်တောင်ဘက်ကကျားက ဘယ်တော့မှချိန်းမတွေ့ဘူး : အချိန်ကိုက်ပဲ ပန်းတွေကြဲပြီး… ငါ့ကို အိပ်ပျော်အောင် ချော့သိပ်ပေးပါ…】

【ခေါင်းဖြူကိုကို : ကြယ်တာရာမြို့တော်ကနေ စူးစမ်းလေ့လာဖို့ တိတ်တိတ်လေး လာခဲ့တာ QAQ 】

【ငါလှိမ့်ရတာကိုကြိုက်တယ်: တိတ်တိတ်လေးရှိနေတယ် +1 ငါ လူသားတင်ဆက်သူတစ်ယောက်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို လျှို့ဝှက်ပြီး လာကြည့်တာ..။ ငါရဲ့အတန်းဖော်တွေသာ သိရင် ရယ်ကြလိမ့်မယ်... ဒါပေမယ့် ဗီဒီယိုအတိုလေးက တကယ်ကို ထိပ်ဆုံးရောက်နေတာ】

【မိန်နျန်တာ : တင်ဆက်သူက ချက်ပြုတ်နိုင်တယ်လား... မျှော်လင့်နေမိပြီ…】

ကုယွီမြန်မှာ ကြည့်ရှုသူအရေအတွက် တိုးလာခြင်းက သူ၏နောက်ဆုံးတိုက်ရိုက်ထုတ်လွှင့်မှုခြေရာအား ကြယ်တာရာမြို့တော်သို့ ပရိသတ်တစ်ယောက်မှ ပို့လိုက်ကြောင်း မသိခင်အထိ အစုအပြုံတိုးလာသည့် အရေအတွက်ကို စောင့်ကြည့်နေမိသည်။ ကြည့်ရှုသူအများအပြားက လူသားများအား မုန်းတီးသည်ဟု ဆိုကြသော်လည်း ဗီဒီယိုအား တိတ်တဆိတ်ဖွင့်ကြည့်ကာဖော်ထုတ်ရန်အတွက် တာခ့်၏ကွန်ရက်ထံသို့ ချိတ်ဆက်လာကြသည်။

ကုယွီမြန်၏စိတ်ထဲ အနည်းငယ် ယောင်ချာချာဖြစ်နေသည်။

"အာ... ကျွန်တော် လျှောက်မပြောတော့ဘူးနော်...  ရွှယ်ထွမ်က ဗိုက်ဆာနေပြီ..."

ကုယွီမြန်က နှင်းကျားသစ်လေး၏ မေးလေးအား ကုတ်ပေးလိုက်သည်။ ဘိုးဘေးလေးက သူ၏ ကြည့်ရှု့သူများအား နှုတ်ဆက်နေသည်ကို စောင့်ရခြင်းအပေါ် စိတ်မရှည်ဖြစ်နေသည်။ ထို့နောက် ကုယွီမြန်က ကိရိယာများပြင်ဆင်လိုက်သည်။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now