chapter 40

83 13 0
                                    

Chapter 40
July 15, 2024
🐯Chapter 40

ကုယွီမြန် လတ်တ​လောရှာ​ဖွေမှု​ခေါင်းစဥ်တစ်ခုကို နှိပ်လိုက်သည်။ ထိပ်ဆုံးရှိကြီးမား​သောပုံကြီးမှာ ဂလက်ဆီ​မျှော်စင်အဆောက်အဦး၏ အပြင်ဘက်တွင် သူမြင်ဖူးခဲ့သော ပုံပင်ဖြစ်သည်။ ​ကောင်းငယ်​လေး 'ဒန်နီ' က ကိုးနှစ်သားအရွယ် ကလေးလေးဖြစ်ပြီး သူ့မျိုးနွယ်မှာ

ပန်ဒါ ဖြစ်နေခဲ့သည်။

ပိုစတာဓာတ်ပုံအပြင် ​ကောအာရှစ်စစ်၏တိရစ္ဆာန်ပုံစံဖြင့် ဓါတ်ပုံလည်းပါရှိသည်။ သူက နူးညံ့သောခြေသည်းများနှင့် လုံးဝိုင်းကာရိုးရှင်းသော အသွင်အပြင်ရှိသည့် နှစ်နှစ်သားခန့်အရွယ်ရှိ ပန်ဒါတစ်ကောင်နှင့်တူ​ပေသည်။ ကောအာရှစ်စစ်က ဝါး​ချောင်းတစ်ချောင်းကို ကိုင်ကာ ကင်မရာထံသို့ကြည့်​နေသည်။ နေ့လယ်စာစားချိန်တွင် ပရိသတ်များ သူ့ကို တိတ်တဆိတ် ဓာတ်ပုံရိုက်ထားပုံရသည်။

" ချစ်ဖို့​ကောင်းတယ်…"

သူက တိရစ္ဆာန်များအား ထိန်းသိမ်း​စောင့်​ရှောက်​ပေးသူတစ်​ယောက် ဖြစ်​နေသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သော်လည်း ဤနူးညံ့သော အဖြူအမည်းဘောလုံး​လေးများနှင့်ပတ်သက်လာလျှင် ကုယွီမြန်တွင် ခုခံနိုင်စွမ်းအားမရှိ​သေးပေ။ ​ကောအာရှစ်စစ်၏ ချစ်စရာကောင်းမှုက သူ့မိသားစုထဲမှ ရွှယ်ထွမ်နှင့် ထန်ယွမ်တို့ကဲ့သို့ တူညီလုနီးပါးပင်။ ဤခေတ်က ပန်ဒါများမှာ ခြွင်းချက်မရှိ အချစ်ခံရသော ကမ္ဘာ​ပေါ်မှ ဝဝတုတ်တုတ်အကောင်​လေးများနှင့် နှိုင်းယှဥ်လျှင် သာလွန်လှ​ပေ၏။

ထန်ယွမ်အပြင် ​ကောအာရှစ်စစ်က ဤကမ္ဘာပေါ်တွင် သူမြင်ခဲ့ဖူးသော ဒုတိယ​မြောက်ပန်ဒါပင်ဖြစ်သည်။ သူတို့က ဆွေမျိုးများပင် ဖြစ်​ကောင်းဖြစ်နိုင်သည်။

"အဲဒါ​ကြောင့်ပဲ သူတို့​တွေမှာ ဆင်တူတဲ့မျက်ခုံး​တွေနဲ့မျက်လုံး​တွေရှိ​နေတာ​ပေါ့…"

ကုယွီမြန် သူ့ကိုယ်သူပြောလိုက်သည်။

မည်သို့ပင်ဆိုဆို ကုယွီမြန်က ကမ္ဘာမြေမှ သာမန်လူတစ်ယောက်ဖြစ်သည်။ အချိန်အတော်ကြာအောင်ရှာပြီးနောက် ​ကောအာရှစ်စစ်၏ အကြည်လင်ပြတ်သားဆုံးဓါတ်ပုံတစ်ပုံကိုမှ ရှာမတွေ့ခဲ့​ပေ။ ထို့အပြင် သူ၏အ​ကောင်ပေါက်အခြေအနေမှ သူ၏နှစ်နှစ် သို့မဟုတ် သုံးနှစ်သားပုံစံသို့ ပန်ဒါ၏အသွင်သဏ္ဍာန်​ပြောင်းလဲမှုက အလွန်ကြီးမားသည်။ ထို့ကြောင့် ဤအချိန်တွင် ​ကောအာရှစ်စစ်က သူ့အ​ကောင်​ပေါက်ပုံစံသို့ ပြန်လည်​ရောက်ရှိသွားပြီဖြစ်ကြောင်းကို ကုယွီမြန် မစဉ်းစားမိခဲ့ပေ။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now