chapter 11

218 31 0
                                    

Chapter 11
July 12, 2024
🐯Chapter 11

နောက်တစ်နေ့နံနက်ခင်း ကုယွီမြန်နိုးလာသောအခါ ကျားသစ်လေးက သူ့ရင်ဘက်ပေါ်တွင် တိတ်ဆိတ်စွာအိပ်နေသည်။

ကုယွီမြန် :"..."

နောက်ဆုံးတွင် ညတိုင်းအသက်ရှုကြပ်စွာ အိပ်နေရသည့် အကြောင်းပြချက်အား သိသွားလေပြီဖြစ်သည်။ ဘိုးဘေးလေးမှာ ညတိုင်း ခိုးကြောင်ခိုးဝှက် ဝင်လာတတ်ကြောင်း သူ ရှာဖွေ့တွေ့ရှိသွားသည်။ ပုံမှန်အားဖြင့် နှင်းကျားသစ်လေးက ကုယွီမြန်ထက် စောစောနိုးလေ့ရှိပြီး သူ၏အလုပ်လုပ်ချိန်နှင့် အနားယူချိန်က အလွန်တည်ငြိမ်သည်။ သူ ယမန်နေ့ညတွင် မည်သည့်အရာများ ပြုလုပ်ခဲ့သည်အား မသိသော်လည်း နှင်းကျားသစ်လေးသည် ယခုထိမနိုးသေးပေ။

ကုယွီမြန်က နှင်းကျားသစ်လေး၏ လက်ဖဝါးလေးအား ညှစ်လိုက်ပြီးနောက် သူ၏ညာဘက်လက်ဖဝါးအောက်တွင် ကတ်အပုံကြီးတစ်ခုကို ဖိမိထားကြောင်း တွေ့ရှိသွားသည်။

ကုယွီမြန် :"ဘာကြီးလဲ..."

သူ ကျားသစ်ပေါက်လေးအား မ၍ကြည့်လိုက်သည်။

ပေါလောပေါ်နေသော အလင်းကျွန်း

ဗီလာ ၁၊၂၊၃ ဝင်ခွင့်ကတ်...

ဟိုင်ယိယွဲ့ကျွီ နှစ်လွှာတိုက်ခန်း ဝင်ခွင့်ကဒ်—

သူ့လက်ဖဝါးအောက်တွင် အမျိုးမျိုးသော အခွင့်အရေးကတ်များ စုပုံလျက်ရှိပြီး အားလုံးက တာ့ခ်နှင့် ကြယ်တာရာမြို့တော်ရှိ အမြင့်ဆုံး အိမ်ယာဝင်ခွင့်ကတ်များ ဖြစ်နေသည်။ ကြယ်တာရာခေတ်တွင် ဝင်ခွင့်ကတ်များက သော့နှင့် အမှန်တကယ် အိမ်ယာပိုင်ဆိုင်မှုအား ပေါင်းစပ်ထားခြင်းဖြစ်သည်။

ကြောက်စရာအကောင်းဆုံးကိစ္စမှာ ယမန်နေ့က ကုယွီမြန် အချက်အလက်များ ရှာကြည့်သောအခါ ဤနေရာများအား တွေ့ခဲ့သည်။ 'ပေါလောပေါ်နေသောကျွန်း'က ကြယ်တာရာမြို့တော်ရှိ ကြယ်တာယာကောင်းကင်မြို့၏ ဗီလာအသစ်တစ်ခုဖြစ်သည်။ ဤနေရာကို နန်းတော်မှအပ စကြဝဠာတစ်ခုလုံးတွင် စျေးအကြီးဆုံး ဇိမ်ခံပစ္စည်းများဖြင့် ဆောက်လုပ်ထားပြီး အဆောက်အအုံတစ်ခုလျှင် ကြယ်ဒင်္ဂါး တစ်ဘီလီယံအထက် တန်ဖိုးရှိသည်။

သားပေါက်လေးတွေကိုပျိုးထောင်မယ်Where stories live. Discover now