🐯Chapter 5
လတ်တလောတွင် ကြည့်ရှုသူများထဲ၌ “တရုတ်ပြည်တောင်ဘက်က ကျား” သည်သာ ကုယွီမြန်နှင့် စကားပြောဆိုကာ ဆက်သွယ်မှုပြုနေခြင်း ဖြစ်သည်။ အခြားကြည့်ရှုသူများမှာမူ တိတ်ဆိတ်မြဲသာ။ “တရုတ်ပြည်တောင်ဘက်က ကျား” က ကုယွီမြန်၏ ရုပ်ရည်ကိုသာ အာရုံစူးစိုက်နေခြင်း ဖြစ်ပုံရသည်။
သို့သော်လည်း ကုယွီမြန်က စိတ်အနှောင့်အယှက် မဖြစ်ပေ။ ဤထုတ်လွှင့်မှုမှာ စမ်းသပ်ရန်သာဖြစ်သည်။ ဤအချိန်တွင် ဖြစ်ပေါ်လာသမျှသော ပြဿနာများအား အဖိုးတန်အတွေ့အကြုံအဖြစ် မှတ်ယူနိုင်သည်။ ဖန်တံခါးမှတစ်ဆင့် မီးဖိုချောင်အပြင်သို့ ကြည့်လိုက်ရာ နှင်းကျားသစ်ပေါက်လေးမှာ ငြိမ်းချမ်းစွာ အိပ်ပျော်နေဆဲဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။ သူက ကွေးကွေးလေး အိပ်စက်နေပြီး ရှည်လျားသောအမြီးမှာ ဝမ်းဗိုက်ပေါ်တွင် ရစ်ခွေနေသည်။
ကုယွီမြန်မှာ တိရစ္ဆာန်ငယ်လေးများနှင့် ရင်ဆိုင်ရာတွင် ခုခံနိုင်စွမ်း ကင်းမဲ့သူဖြစ်သည်။ ချက်ချင်းဆိုသလို နှလုံးသားတစ်ခုလုံး နူးညံ့သိမ်မွေ့သွားပြီး ချက်ပြုတ်မည့် ပါဝင်ပစ္စည်းများအား ကိုင်တွယ်ရာတွင် ပိုမိုအလေးအနက်ရှိလာသည်။
အေးခဲနေသည့်သိုးသားအား အရည်ပျော်စေကာ သန့်ရှင်းပြီးနောက် ပါးလွှာသော အသားလွှာလေးများဖြစ်အောင် လှီးသည်။ မီးဖွင့်ကာ ဒယ်အိုးတင်လိုက်ပြီး ဆီကို ပါရုံ လောင်းထည့်လိုက်သည်။
“ကြောင်တစ်ကောင်ကို အသက် ၄ လမှာ နို့ဖြတ်မယ်ဆိုရင် အသားလွှာကို နည်းနည်းထူထူ လှီးပေးရမယ်... ဒါပေမဲ့ ကြိတ်ဖို့ မလိုအပ်ဘူး...”
ကုယွီမြန်က ရှင်းပြသည်။ဒယ်အိုးပူလာသည့်အခါ သိုးသားလွှာများနှင့် အခွံခွာထားသော မုန်လာဥများ၊ လိမ္မော်သီးများ ထည့်သည်။ ကုယွီမြန်မှာ အတွေ့အကြုံအနည်းငယ်သာရှိပြီး ကျွမ်းကျင်စားဖိုမှူးတစ်ယောက် မဟုတ်သဖြင့် နှစ်ရက်ကြာ လေ့လာစဉ်းစားပြီးနောက်မှ ထိုအရာများအား ပေါင်းစပ်လိုက်ခြင်း ဖြစ်သည်။
အခွံခွာထားသော မုန်လာဥနှင့် လိမ္မော်သီးများမှာ ညှီနံ့ပျောက်စေနိုင်သည်။
YOU ARE READING
သားပေါက်လေးတွေကိုပျိုးထောင်မယ်
RomanceTitle - I'm Using the Interstellar Live Broadcast to Raise Cubs Description 💥 ကလေးလေးတွေကို ပျိုးထောင်ဖို့ တိုက်ရိုက်ထုတ်လွှင့်နေရပါတယ်... ကုယွီမြန်မှာ တည်ငြိမ်သောဘဝတစ်ခုအား ပိုင်ဆိုင်ထားသည့် တိရစ္ဆာန်ရုံမှူးတစ်ဦး ဖြစ်သည်။ တစ်နေ့တွင် သူစိတ်ကူးထားသ...